3

2.8K 179 2
                                    

တစ်ခါတလေ ဘဝဟာ စီစဉ်ထားသလို ဘယ်တော့မှ မဖြစ်မလာဘူး။

သူဟာ ဟိုးအဝေးကြီးမှာ ရှိတဲ့လူမို့ဆိုပြီး သူ့အနားကို ရောက်ဖို့ မကြိုးစားခဲ့လည်း ရောက်ရောက်သွားရတယ်။ သူ့ကိုချစ်မိရင်အသည်းကွဲမှာပဲလို့ သိလို့ ရပ်တန့်ပစ်ဖိို့ လုပ်ခဲ့လည်းပဲ ထပ်ပြီးတော့ ချစ်မိသွားခဲ့ရပြန်တယ်။

" စာမေးပွဲအစစ်ကြီးနီးပြီမို့.. ဆရာမက ခုံနေရာတွေ ပြောင်းချင်တယ်။ စကားများတဲ့ယောက်ျားလေးတွေ... လေပေါတဲ့ မိန်းကလေးတွေ... တော်တဲ့ညံ့တဲ့သူတွေ အကုန်ရောပစ်လိုက်မယ်... "

ဟာ... ဆိုတဲ့အသံရှည်ကြီးတွေနဲ့ စိတ်ညစ်ညူးအော်သံတွေ ထွက်လာတယ်။ အခန်းထဲမှာ ကျောင်းသားတွေအသံဟာ ဆူညံနေတာပဲ။

သူမက ကျောပိုးအိတ်ကို ရင်ခွင်ထဲပိုက်ကာ စာအုပ်တစ်ထပ်လိုက်ကြီးနဲ့ နေရာရွှေ့ဖို့ ပြင်ရတယ်။ အဆင့်လိုက် စီတဲ့အတန်းမို့ အမြဲနောက်နောက်ဆုံးတန်းမှာ နေရတဲ့သူမက ဒီတစ်ခေါက်လည်း ဘယ်နေရာများ ရွှေ့ရမလဲ တွေးမိတော့ စိတ်ထဲပျင်းနေမိတယ်။ ပြတင်းပေါက်ကလေး ဘေးမှာ နေရရင်တော့ ကောင်းမှာပဲ...

သူမက ပြတင်းပေါက်ရှိရာနေရာတွေ လိုက်ရှာတော့ သုံးနေရာတွေ့တယ်။ ပြတင်းပေါက်ရှိတဲ့ ကျန်တဲ့နှစ်နေရာက တစ်နေရာရာကို ရပါ့ရစေ။ အရုဏ်လင်းရှိတဲ့ ပြတင်းပေါက်ဘေး မထိုင်ရပါစေနဲ့လို့ ကြိတ်ဆုတောင်းနေမိခဲ့သေးတယ်။ ဆုတောင်းတွေဟာ... ဘယ်တုန်းကမှ မပြည့်ခဲ့ဖူးပဲနဲ့များလေ...

" ဉာဏ်ထွန်းလင်း.... မင်းက ဟန်မေဝင်းမောင်နား သွားထိုင်... "

" ဟာ ဆရာမ... သူက တအားတော်တာ။ ကျနော်က ဘိတ်ချေး... တအားညံ့တာ ဖြစ်ပါ့မလား။ နောက်ပြီး သူက ဆရာတအားလုပ်တာ မထိုင်ချင်ပါဘူး "

" ကိုယ့်ကိုကိုယ်တော့ သိသေးတယ်နော်... လျှာမရှည်နဲ့... ငါသွားထိုင်ဆို ထိုင် "

ဆရာမက အရင်နေ့ညထဲက လူတွေနေရာချဖို့ ခေါင်းစားအောင်စဉ်းစားခဲ့ပြီး စာရွက်မှာ တစ်ခါထဲရေးချလာခဲ့ပြီးသား ဖြစ်မယ်ထင်တယ်။

" ကြယ်မှုန်ရီ.... "

ဆရာမက ငေးမောနေတဲ့သူမကို မျက်မှန်ပေါ်က ကျော်ကြည့်တယ်။ နောက်ပြီးမှ မျက်မှန်ကိုပင့်ကာ သူ့ဆီကို လှည့်ကြည့်ပြန်တယ်။

Dear Sunshine Where stories live. Discover now