5

2.9K 180 1
                                    

ဆောင်းရာသီတွေအများကြီးကို အဲ့ဒီမှတ်ဉာဏ်တွေနဲ့ သူမ နွေးထွေးရှင်သန်လာခဲ့တာ။

လိုနေတဲ့ အနွေးဓာတ်ကိုရော... ရှေ့ဆက်ရမယ့် ခွန်အားကိုရော ငယ်ဘဝမှတ်ဉာဏ်တွေထဲကနေ အမြဲထုတ်ယူ နေခဲ့ရတာ။ ဆိုလိုတာက... သူမဟာ ပစ္စုပ္ပန်တွေထဲ ရှင်သန်ဖို့ကို အတိတ်ကို အမှီသဟဲ ပြုနေရတာလို့လေ...

ဒါမှမဟုတ် အတိတ်တွေထဲ ရှင်သန်နေတုန်းလားဆိုတာတောင် မသေချာပါဘူး။ သက္ကရာဇ်တွေ တစ်ခုပြီးတစ်ခုပြောင်းလည်း သူမက အဲ့ဒီခုနှစ်ကလေးမှာ စိတ်ဝင်ဉာဥ်ကို ထားရစ်ခဲ့မိတယ်ထင်တယ်။ ဆောင်းရာသီရဲ့ ညတွေမှာ အိပ်မက်တွေထဲ ရေတွင်းအိုကြီးနား ပန်းတွေသွားကောက်နေတုန်း။ သူ့လက်ချောင်းတွေ ငေးနေမိတုန်း။ မပေးလိုက်ရတဲ့ ချောကလက်လေး လက်ထဲဆုပ်ထားမိတုန်း...

အဲ့ဒီလို အိပ်မက်တွေမက်ပြီး တရေးနိုးလာတဲ့အခါ ဪ... ငါ ၈တန်းမဟုတ်တော့ဘူး။ ငါ ၁၃နှစ်ကောင်မလေးမဟုတ်တော့ဘူးလို့ ထပ်ကာ ထပ်ကာ သတိပေးရတယ်။

ဒီအသက်ရွယ်ကို ရောက်နေပြီပဲ။ အချစ်ဦးကို သတိရနေသေးတာ... မဟုတ်တော့ဘူး ထင်တယ်။

၁၃နှစ်သမီးလေး ကြယ်မှုန်ရီမှ မဟုတ်တော့တာ။ အခုဆို ၂၃နှစ် အမျိုးသမီးကလေး ကြယ်မှုန်ရီ။

ချစ်သောကောင်လေးနဲ့နီးစပ်ဖို့ဆို ဘာဆိုဘာမှ မလုပ်ခဲ့တဲ့ သူမ... စကားနည်းပြီး တစ်ယောက်ထဲ အေးအေးလူလူနေရာတာကို သဘောကျတဲ့သူမ... အဲ့ဒီလိုသူမက အရုဏ်လင်းက ၆ဘာသာ ဂုဏ်ထူးထွက်ပြီး ဆေးတက္ကသိုလ်တက်မှာလို့လည်း သတင်းကြားရော သူမက အမှတ်မီရာ သူနာပြု တက္ကသိုလ်ကို ပြေးတက်မိခဲ့တာပေါ့။

တကယ့်အူကြောင်ကြောင် ကြယ်မှုန်ရီ။

ပုံဆွဲတာ ဝါသနာပါပြီး Archi တက်မယ်လို့ ကြုံးဝါးထားတဲ့သူမက သူနာပြု ​ပြေးလုပ်မယ်လုပ်တော့ ဉာဏ်ထွန်းလင်းက အသည်းသန်တားခဲ့ပါသေးတယ်။

" မှုန်မှုန်နဲ့ မဖြစ်ပါဘူး။ ကြီးကြီးရီတို့ မမတာတာတို့ တားကြပါဦး... " နဲ့။ အိမ်ကလူတွေလည်း တားတော့ တားရှာကြပါတယ်။ မရတာနဲ့ပဲ သွားစမ်း အဲ့လောက်တောင်တက်ချင်နေလည်း တက်စမ်းဟဲ့ဆိုပြီး လွှတ်လိုက်တော့တယ်။ ဉာဏ်ထွန်းလင်းကတော့ သူ့အမှတ်နဲ့ ရိုးရိုး ဝိဇ္ဇာသိပ္ပံပဲ ရောက်သွားခဲ့တယ်။ ကျောင်းပြီးတော့ သူ့အိမ်က ကုန်စုံဆိုင်မှာတင် ဆိုင်စောင့်ပေါ့။ သဲစုဝေကတော့ တက္ကသိုလ်ကို မရောက်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမတို့မြို့လေးမှာ ခေါက်ဆွဲပြုတ်ဆိုင်ပိုင်ရှင်မကလေး ဖြစ်နေပေါ့။ နာမည်လည်း အတော်ရနေပြီ။ အစားတလိုင်းက လုပ်ရောင်းတာဆိုတော့လည်း အဲ့ဒီလောက်တော့ အောင်မြင်ရမှာပေါ့။ ငယ်ငယ်ကတည်းက သဲစုဝေနဲ့ မခွဲအတူနေလာကြတဲ့ ညိုမီကိုကတော့ ခေါက်ဆွပြုတ်ဆိုင် ဘေးမှာ အလှပြင်ဆိုင်ဖွင့်ထားသတဲ့လေ။ အားတဲ့အချိန်တွေမှာ အဲ့ဒီနှစ်ယောက်သား တစ်ယောက်ယောက်ဆိုင်မှာ လုံပမ်းကာ အတင်းတုပ်နေကြမှာကို မြင်ယောင်ကြည့်မိသေးတယ်။ ကျမ အဲ့ဒီမြို့ကလေးကို ပြန်ရောက်တဲ့အခါ သတိတရ သူတို့ဆီသွားဖြစ်တယ်။ မရောက်ရသေးရင်လည်း ဖုန်းတဂွမ်ဂွမ်ဆက် လှမ်းခေါ်တတ်ကြတာလေ။ ရောက်တဲ့အခါသူတို့ရဲ့အကောင်းဆုံးဆိုတဲ့လက်ရာတွေနဲ့ ကြိုဆိုတတ်ကြတယ်။ ငယ်ငယ်က အကြာင်းတွေ ပြန်ပြောပြီး ရယ်ကြ မောကြပါပဲ။ တကယ် ရယ်ကြမောကြ...

Dear Sunshine Where stories live. Discover now