#Unicode#
အချိန်ကား မနက်ရှစ်နာရီပင်တည်း။
သုံးထပ်မျှမြင့်သော "New Star Online Writing Agency" အဆောက်အဦး၏ရှေ့ ဟင်းလင်းပြင်တွင် လူများ အုံလိုက်ကျင်းလိုက်ဖြင့် ရှိနေကြလေသည်။
ထိုအဆောက်အဦးရှေ့တွင် ရှိကြသော ထိုလူများသည် လွယ်အိတ်တွေ ကိုယ်စီ လွယ်ထားကြသည်။ တစ်ချို့ဆို ကင်မရာတွေပါ လွယ်ထားကြတော့၏။ လူတစ်ချို့မှာလည်း ဆိုင်းဘုတ်လေးကိုင်လျက် ရှိကြလေသည်။ ကြည့်ရတာ ထိုအဆောက်အဦးထဲ ၀င်ဖို့ရန်အတွက် စောင့်ဆိုင်းနေကြသည်နှင့် တူပါရဲ့။
ထိုလူအုံကြီးများထဲမှ တစ်ချို့မှာ သတင်းထောက်များ ဖြစ်ကြပြီး တစ်ချို့တွေကတော့ လာအားပေးကြတဲ့ ဖန်တွေဘဲ ဖြစ်ချေသည်။
အဆောက်အဦးရှေ့တွင် ရှိကြသော လူအုံကြီးများမှာ လျော့၍မသွားပါ။ မိနစ်ပိုင်းခြား အချိန်အတွင်းကိုပင် တိုး၍တိုး၍ လာလေသည်။ အဆောက်အဦးရှေ့တွင်
ပျော်ပွဲရွင်ပွဲ လုပ်သည်ဟုပင် ထင်ရလောက်သည် အထိ များပြားလာလေ၏။ထိုလူအုံကြီးထဲမှ သတင်းထောက်များမှာ ကိစ္စအကြောင်းအရင်းကို သိလို့ လာကြတဲ့သူတွေလည်း ရှိသလို၊ ဘာအကြောင်းအရာမှန်း ရေရေရာရာမသိဘဲ အထက်က လာခိုင်းလို့သာ လာရတဲ့ သူများလည်း ရှိကြလေသည်။
လူအုံကြီးထဲတွင် အသိမိတ်ဆွေများ အချင်းချင်း တွေ့ကြ၍ ဝိုင်းဖွဲ့ကာ စကားတွေ တီးတိုးတီးတိုး ပြောဆိုနေကြသည်များလည်း ရှိကြလေသည်။ ဘာအကြောင်းအရာလဲ ဆိုတာ မသိသော သူများက သိတဲ့သူများကို မေးနေကြတာ ဖြစ်သည်။
"ဟာ..... ကိုဖြိုးတို့အဖွဲ့လည်း ရောက်နေကြတာလား"
"ဟုတ်တယ်..... လှိုင်းခန့်ရေ...... မင်းတို့လည်း သိလို့ ရောက်လာကြတာလား"
"မဟုတ်ပါဘူး..... အကိုရာ..... ကုမ္မဏီက ဘိုးတော်က မနက်စောစောစီးစီး ဖုန်းဆက်လို့ ဘာလုပ်တဲ့ပွဲမှန်း မသိဘဲ ရောက်လာခဲ့ရတာ..... ဘိုးတော်ကတော့ ဒီသတင်းကို ယူမှ ဖြစ်မယ်လို့တော့ ပြောတာဘဲ.....
အကိုတို့ကော ဘာပွဲလဲ ဆိုတာ သိလို့ လာခဲ့တာလား....."
"အား...... ဒီကုမ္မဏီက သတင်းစာရှင်းလင်းပွဲ လုပ်မလို့တဲ့လေ....."
YOU ARE READING
Exနဲ့ ပြန်ပေါင်းထုပ်ရမည့် ဇာတ်ရှုပ်
Romanceစာအုပ်တစ်အုပ်ထုတ်ဖို့ပြင်နေတဲ့ online စာရေးဆရာလေး ဝေလွန်းအိမ် တစ်ယောက်၊ စာအုပ်ထုတ်ဖို့ လုပ်နေတုန်းမှာ စာအုပ်ပါ exတွေရဲ့ နာမည်ကို ခွင့်ပြုချက်မရဘဲ သုံးစွဲမှုကြောင့် တရားဆွဲဆိုရနိုင်ကြောင်း သိလိုက်ရတဲ့ အခါမှ ex တွေရဲ့ လက်မှတ်ကို ယူဖို့ အကြောင်းဖန်လာရပ...