အပိုင်း(၃)

36 8 4
                                    

#Unicode#

Cafeဆိုင်လေးထဲကို ဝေလွန်းအိမ် ၀င်သွားလိုက်ပြီး ဆိုင်ရဲ့ အလည်ကျတဲ့ ဝိုင်းမှာ ၀င်ထိုင်လိုက်တော့သည်။ Waiterမှ ဘာမှာမလဲ လာမေးတော့ ဝေလွန်းအိမ်လည်း စောင့်နေတဲ့သူလာမှဘဲ မှာတော့မယ်လို့ ပြောလိုက်လေသည်။ ပြီးတော့ ‌ထိုင်စောင့်နေလိုက်သည်။ စောင့်နေရင်းနဲ့ ဝေလွန်းအိမ်မှာ စိတ်လှုပ်ရှားလာပါတော့သည်။ ပြီးတော့လည်း တစ်ခုခုကို စိုးရိမ်ပူပန်နေသလိုမျိုး ခံစားနေရလေ၏။

Cafeမှာ ထိုင်စောင့်နေရင်း အချိန်က ငါးနာရီပင် ခွဲသွားတော့သည်။ ဝေလွန်းအိမ်လည်း  မလာသေးဘူးလားဆိုကာ ဟိုကြည့်ဒီကြည့် လုပ်လိုက်လေသည်။ ဟိုဒီကြည့်နေရင်းမှ သူနဲ့ ချိန်းထားတဲ့သူကို ဆိုင်အပြင်ဘက်မှာ တွေ့လိုက်ရတော့ သူ အံ့ဩသွားလေသည်။ ပြီးတော့ တီးတိုး ရေရွတ်လိုက်တော့သည်။

"တစ်ကယ်ကို လာတာဘဲ....." ဆိုပြီးတော့ပင်။

နောက်တော့ ဝေလွန်းအိမ် တစ်ယောက် တွေ့ဖို့ အင်အားတွေက မရှိသလို ခံစားလာရတော့သည်။ တွေ့ဖို့ ဘာကြောင့်အားအင်မရှိရတာလဲ ဆိုတော့ ထိုသူကို ဘာအကြောင်းအရင်း သေချာမှ မမေးဘဲ လမ်းခွဲခဲ့ကာ အလုပ်ကပင် ထွက်ခဲ့လို့ပင်။ အကြောင်းအရင်း ပေးဖို့ ပြောလာတော့လည်း အလုပ်ရှင်ဖြစ်နေလို့ဆိုပြီး လက်လွတ်စပယ် ပြောခဲ့လိုက်မိလို့ပင်။ ဒါနဲ့ဘဲ ဝေလွန်းအိမ် တစ်ယောက် ထပြန်ဖို့ လုပ်လေသည်။ ထိုအချိန်တွင်ဘဲ သူ့ရှေ့မှောက်သို့ သူ မတွေ့ချင်တဲ့ သူက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလေသည်။ ဒီတော့ ထပြန်ဖို့ ပြင်နေတဲ့ ဝေလွန်းအိမ်လည်း အတတ်နိုင်ဆုံး ပြုံးထားရတော့သည်။

"ကိုလာလို့ ထရပ်ပြီး ကြိုဆိုပေးတာလား...." ဆိုပြီး တစ်ဖက်က ဆိုလာလေသည်။

"အော်...... အဲ့လို သဘောပါဘဲ....."

"ကိုနဲနဲတော့ နောက်ကျသွားတယ်......"

"ရပါတယ်..... ထိုင်ကြတာပေါ့" ဆိုကာ ဝေလွန်းအိမ် ပြန်ပြောလိုက်လေသည်။

နောက်တော့ နှစ်ယောက်သား ထိုင်လိုက်ကြတော့သည်။ ‌ခု ဝေလွန်းအိမ် ရှေ့တွင် ထိုင်နေတဲ့သူကတော့ ဝေလွန်းအိမ် နောက်ဆုံးတွဲခဲ့တဲ့ အရင်ရည်းစားဟောင်း နေသစ်သွေးပင် ဖြစ်ချေသည်။

Exနဲ့ ပြန်ပေါင်းထုပ်ရမည့် ဇာတ်ရှုပ်حيث تعيش القصص. اكتشف الآن