#Unicode#
"တူး...... တူး....... တူး......."
ဖုန်းလေးဟာ တုန်ပြီး မြည်နေပါတော့သည်။ နိုးစက်မဟုတ်လေတော့ သီချင်းသံမပါဘဲ ရှိလေသည်။ ဖုန်းလေးက အဆက်မပြတ် တုန်မြည်လို့နေလေ၏။
"တူး...... တူး....... တူး......."
အိပ်မောကျနေတဲ့ သူအဖို့ ဖုန်းမြည်သံက အာရုံနောက်စရာ တစ်ခုအလားကဲ့သို့ ဖြစ်နေလျက် ရှိတော့သည်။ သို့သော်လည်း ဖုန်းလေးက မကိုင်မချင်း အဆက်မပြတ် မြည်တွန်လို့နေလေသည်။
ဒါနဲ့ ဝေလွန်းအိမ် တစ်ယောက်လည်း ခုတင်ဘေးက စားပွဲပေါ် တင်ထားတဲ့ ဖုန်းလေးကို လှမ်းယူလိုက်ပါလေသည်။ ဖုန်းကို ယူလိုက်ပေမယ့် မျက်လုံးများက မဖွင့်သေး။ ဒီအတိုင်း ယောင်ယောင်ဝါးဝါးဖြင့် နိုးစက်ထင်ကာ လျှောက်နှိပ်နေပါလေသည်။ ခဏနေတော့ ဖုန်းမြည်နေတာ ခဏရပ်သွားတော့သည်။ ဒီတော့ ဝေလွန်းအိမ်လည်း နိုးစက်ပိတ်လိုက်ပြီ ထင်ကာ ပြန်ပြီး ဆက်အိပ်နေလိုက်ပါလေသည်။
ဒီတွင်ဘဲ ဖုန်းလေးက နောက်တစ်ခါ တုန်မြည်လာပြန်လေသည်။
"တူး...... တူး....... တူး......."
ဒါနဲ့ဘဲ ဝေလွန်းအိမ်မှာ စိတ်တိုပြီး တဗျစ်တောက်တောက်ဖြင့် ပြောနေပါတော့သည်။
"ဟာ...... ပိတ်ပြီးသွားပြီကို...... ဘာလို့ ဆက်မြည်နေရတာလဲ.... ဟာ" ဆိုကာ ဖုန်းကို မမြင်မစမ်းနဲ့ နှိပ်နေပါတော့သည်။
ထိုတွင်ဘဲ ဖုန်းလာနေတာ မသိဘဲ လျှောက်နှိပ်မိလိုက်တာကြောင့် ဖုန်းကိုင်မိသွားလေသည်။ ပြီးတော့ တစ်ဖက်က ဖုန်းပြောလာတော့သည်။
"ဟယ်လို...... ဟယ်လို........"
"ဘာလဲ...... ဘာကြီးလဲ...... ဖုန်းလာနေတာလား" လို့ ဝေလွန်းအိမ် တစ်ယောက် တီးတိုးစွာ ညည်းညူလိုက်ပြီးတော့ အိပ်နေရာကနေ ထကာ အညောင်းအရင် ဆန့်လိုက်လေသည်။ ပြီးတာနဲ့ ဖုန်းကို ကမန်းကတန်းနဲ့ ရှာပြီးတော့ ဖုန်းလက်ခံ ပြောလေတော့သည်။
"ဟယ်လို...... ပြောပါ" ဆိုပြီး အိပ်ချင်မူးတူး အသံဖြင့် ဝေလွန်းအိမ် ပြန်ဖြေလိုက်သည်။
"ဟဲ့..... နင် မထသေးဘူးလား...... လွန်း" ဆိုပြီး တစ်ဖက်က အော်လာပါလေသည်။
VOUS LISEZ
Exနဲ့ ပြန်ပေါင်းထုပ်ရမည့် ဇာတ်ရှုပ်
Roman d'amourစာအုပ်တစ်အုပ်ထုတ်ဖို့ပြင်နေတဲ့ online စာရေးဆရာလေး ဝေလွန်းအိမ် တစ်ယောက်၊ စာအုပ်ထုတ်ဖို့ လုပ်နေတုန်းမှာ စာအုပ်ပါ exတွေရဲ့ နာမည်ကို ခွင့်ပြုချက်မရဘဲ သုံးစွဲမှုကြောင့် တရားဆွဲဆိုရနိုင်ကြောင်း သိလိုက်ရတဲ့ အခါမှ ex တွေရဲ့ လက်မှတ်ကို ယူဖို့ အကြောင်းဖန်လာရပ...