🔴 တစ်သက်မှာ တစ်ကြိမ်သာ စိပ်ခွင့်ရှိသော အနုဿ တိဆယ်ပါး ပုတီးစိပ်နည်းနှင့် လိုက်နာရန် စည်းကမ်းချက်များ
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔵 အနုဿ တိ (၁၀) ပါးဆိုသည်မှာ
အနုဿ တိ (၁၀)ပါး။ အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရားဆယ်ပါးဟူ၏။
(၁) ဗုဒ္ဓါ နုဿ တိ - ဘုရား၏ဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၂) ဓမ္မာ နုဿ တိ - တရား၏ဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၃) သံဃာ နုဿ တိ - သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၄) သီလာနုဿ တိ - မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၅) စာဂါနုဿ တိ - လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၆) ဒေဝတာ နုဿ တိ - နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါစသောမိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၇) ဥပသမာ နုဿ တိ - ကိလေသာမှကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၈) မရဏာ နုဿ တိ - သေခြင်းတရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၉) ကာယဂတာ နုဿ တိ - ဆံပင်စသော ဒွတ္တိံသကာယ၊ (သို့မဟုတ်) ပထဝီဓာတ် ကာယနှစ်ဆယ်စသော ဒွေစတ္တာလီသ ကာယကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။
(၁၀) အာနာပါဏုဿ တိ - ထွက်သက်ဝင်သက်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။နုဿ တိ (၁၀) ပါးကို တနည်းထပ်ရှင်းရလျှင်
၁။ မြတ်စွာဘုရားဂုဏ်တော်ကို အဖန်ဖန်သတိရခြင်း
၂။ တရားဂုဏ်တော်ကို အဖန်ဖန် သတိရခြင်း
၃။ သံဃာဂုဏ်တော်ကို အဖန်ဖန် သတိရခြင်း
၄ ။ မိမိပြုလုပ်တဲ့ စွန့်ကြဲမှုကို အဖန်ဖန် သတိရခြင်း
၅။ နတ်တွေရဲ့သီလ စတဲ့ဂုဏ်နဲ့ မိမိရဲ့ သီလကို နှိုင်းယှဉ်ပြီး အဖန်ဖန်သတိရခြင်း