အရဟံ

22 0 0
                                    

☆ “#ဗုဒ္ဓါနုဿ     တိကမ္မဋ္ဌာန်း” ☆
▬▬▬▬▬▬▬▬▬▬▬▬
¤ ဖားအောက်တောရဆရာတော် ¤
═════════════════════

၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်
သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော
ဤအကြောင်းကြောင့် “#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့်
ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့်
“#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏
ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဤ
အကြောင်းကြောင့် “#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ်
ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူ
ထိုက်ခြင်းတည်းဟူသော ဤအကြောင်း ကြောင့် “#အရဟံ”မည်ေတာ်မူ
ပါပေသော မြတ်စွာဘုရား၊

၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြော
တော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့်
“#အရဟံ” မည်တော်မူပါပေသော မြတ်စွာဘုရား၊

☆ ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက်
အဓိပ္ပါယ် တို့ကို ကျေပွန်အောင် နှုတ်တက်ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော အသင်သူတော်ကောင်း
သည် ရှေးဦးစွာ သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို သို့မဟုတ် အာနာ
ပါန စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာ၀နာဉာဏ်
ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညို
လေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။

☆ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်
ရှား ဘုရားရှင်၏ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်းဖြစ်ပါ
သည်။ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်
ရှားဘုရားဟု အမှတ်ပြုကာ အာရုံညွတ်ကြည့်ပါ။ အတိတ်က သက်ေတာ်ထင်
ရှား ဘုရားရှင်များကို ဖူးတွေ့ ခဲ့ရလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်
လာတတ်ပါသည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်
သည်။

☆ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်
ထင်ရှားဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။
အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်
ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ “#အရဟံ-အရဟံ”ဟုပွားများပါ။
သမာဓိအားကောင်းလာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာ၀နာစိတ်သည် ငြိမ်၀ပ်စွာကပ်၍ တည်နေပေလိမ့်မည်။

☆ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်။ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာ၀နာစိတ်ကို ငြိမ်၀ပ်စွာကပ်၍ တည်နေအောင်
ပွားများပါ။ တစ်နာရီခန့် ဘာ၀နာစိတ်သည် ငြိမ်၀ပ်စွာကပ်၍ ဂုဏ်တော်အာ
ရုံ၌ တည်နေခဲ့သော် စျာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤစျာန်မှာ
ဥပစာရစျာန်မျှသာဖြစ်သည်။ ယင်းဥပစာရစျာန်သို့ ဆိုက်အောင် ပွားများပါ။
ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ၀သီဘော်နိုင်
နင်းအောင် လေ့ကျင့်ပါ။

☆ Buddhavasa Tiloka ☆

ကျွန်ုပ်၏ မှတ်သားစရာများWhere stories live. Discover now