မေတ္တာ တစ်နည်း

42 1 0
                                        

💦သင်္ကြန်အကြိုနေ့ မှ နှစ်ဆန်း ၁ ရက်နေ့ထိ
     " မေတ္တသုတ် (၅) ရက် အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြမယ်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက်
ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာ
တို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက်နာ ဆောင်ရွက်ရန်
~~~~~~~~~~~~~~~~
နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့် သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်အောင်မြင်သွား
တိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
~~~~~~~~~~~~~~~~
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်

  (၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး အားလည်းကောင်း၊

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွန်ုပ်၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။ 

ကျွန်ုပ်၏ မှတ်သားစရာများWhere stories live. Discover now