ဗန်းမော်ဆရာတော်

14 0 0
                                    

ဘုရားဂုဏ်တော်များများပွားပါ
---------------------------------

နေ့စဉ်နေ့စဉ်
ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်။
အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင်
ဘုရားဓာတ်တွေ တည်ထားတဲ့ ပုဂ္ဂိုလ်ပေါ်
ဘုရားဓာတ်တွေ ကိန်းလာတယ်•••
အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့
ဘုရားရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေလည်း
တဖြည်းဖြည်းကူးလာတယ်•••

ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက
ကာလ တစ်နှစ်ပြောင်းသွားတော့
သိပ္ပံနည်းအရ နေက ဟိုး,ဒက္ခိဏအရပ်ကနေ
တဖြည်းဖြည်းရပ်ပြီးတော့
ဒီဘက်ပြန်ပြောင်းလာတာကို
နှစ်သစ်လို့ခေါ်တာပေါ့•••
ကမ္ဘာကြီးက နေကိုပတ်လှည့်နေတာ•••

အဲဒီလိုအချိန်အခါမျိုးမှာ 
ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊
သစ်ပင်တောတောင် ရေမြေတွေလည်း
ဥတုအလိုက် နေရဲ့အပူရှိန်နဲ့လိုက်ပြီးတော့
ပြောင်းကြတယ်•••

*အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက
ဘာပြောင်းရလဲဆိုတော့ အကောင်းဆုံးက
နှစ်သစ်မှာဘုရားဂုဏ်တော်ပုတီးစိပ်
မေတ္တာပွားတာ အလွန်တရာကောင်းပါတယ်။
နေ့စဉ်နေ့စဉ်
ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်•••
အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင်
ဘုရားဓာတ်တွေ တည်ထားတဲ့ပုဂ္ဂိုလ်ပေါ်
ဘုရားဓာတ်တွေ ကိန်းလာတယ်•••
အဲဒီလိုဘုရားဓာတ်တွေကိန်းတော့
ဘုရားရဲ့ဘုန်းတန်ခိုးအာနုဘော်တွေလည်း
တဖြည်းဖြည်း ကူးလာတယ်•••

*ဥပမာအားဖြင့်
သံလိုက်တုံးကြီးနဲ့ရိုးရိုးသံလေး အတူထားလိုက်ရင်
သံလိုက်တုံးကြီးထဲက သံလိုက်ဓာတ်တွေက
ရိုးရိုးသံထဲကူးသွားပြီးတော့ ရိုးရိုးသံလေးပါ
သံလိုက်ဖြစ်သွားတယ်•••
အဲဒီဘုရားဂုဏ်တော် ပုတီးစိပ်ပါများရင်
ဒီခန္ဓာကိုယ်ထဲ ဘုရားဓာတ်တွေကိန်းသွားတယ်•••

*ဘုရားဓာတ်တွေ ကိန်းသွားတဲ့အတွက်
သေတောင်မှ မပုပ်တော့ဘူး။
ရဟန်းသာများပရိနိဗ္ဗာန်စံရင် မပုပ်သလို
ဘုရားဂုဏ်တော် ပုတီးစိတ်တဲ့ ပုဂ္ဂိုလ်များလည်း
သေရင် မပုပ်ဘူး။
ဘယ်လောက်ကြာကြာ စိတ်ရမလဲဆိုရင်
အနှစ် (၂ဝ) စိတ်ရမယ်။
ဘုရားဂုဏ်တော်ကို အနှစ် (၂ဝ) ပုတီးစိတ်ရင်
ဒီခန္ဓာကိုယ်ကြီး မပုပ်တော့ဘူး။
အဲဒီလို ဘုန်းတန်ခိုးကြီးတယ်•••

ကျွန်ုပ်၏ မှတ်သားစရာများWhere stories live. Discover now