အသိနဲ့ သတိ

30 2 0
                                    

အဓိဌာန် နဲ့ အဖျက်
<><><><><><><>

အဓိဌာန် ဝင်တိုင်း ပျက်ပျက်သွားတယ်... ဘာဖြစ်လို့ ပျက်ရတာလည်း....
တချို့ကလည်း အဓိဌာန် ပျက်လို့ ပျက်မှန်းတောင် မသိကြဘူး....
ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားတောင်မှ ဗောဓိပင် ရွှေပလ္လင် မရခင်မှာ မာရ်နတ်ရဲ့ အဖျက်ကို တွန်းလှန် ခဲ့ရသေးတာပဲ.... ။
ကောင်းတာလုပ်တိုင်း အဖျက်ဆိုတာ ရှိမှာပဲ.... ဒါက လောကနိယာမ တခု လို့ဆိုရင် မမှားပါဘူး....

အဓိဌာန် ဘာလို့ ပျက်ရတာလည်း....
၁။မနိုင်ဝန်ထမ်းမိလို့
၂။လေးလေးနက်နက် မထားမိလို့
၃။အဖျက် ကို အဖျက်မှန်း မသိလို့

အဓိဌာန် ဆိုတာက တခုခုကို တိတိကျကျ မှန်မှန်ကန်ကန် အပိုအလိုမရှိ ကွက်တိ ပြုမူ လုပ်ဆောင်ပါ့မည်ဟု ကတိကဝတ်ပြု တာ.... ဘယ်သူ့ကို ကတိကဝတ် ပြုသလည်း မေးရင် ဘုရားကျောင်းဆောင် ရှေ့မှာ ဘုရားကို တိုင်တည်ပြီး ကတိပြုတယ်လို့ ဓမ္မမိတ်ဆွေတွေ က များသောအားဖြင့် ဖြေကြပါလိမ့်မယ်.... ။
အမှန်ကတော့ သေချာစဉ်းစားရင် မိမိကိုယ်ကို မိမိ ဘုရားရှေ့မှာ ကိုယ့်ကိုကိုယ် အာမဘန္တေ ခံတာပါ.... ကိုယ့်ကိုကိုယ် ကတိပေးတာပါ.... ။

၁။မနိုင်ဝန်ထမ်းမိလို့
မိမိ အမှန်တကယ် ပြုလုပ်နိုင်သည်ထက်ပို၍ ကတိပြုမိခြင်း.... ဥပမာ တနေ့ ကို ဤဂါထာကို အခေါက်ရေ ၄၅ခေါက်ရွတ်ပါ့မည်ဟု မိမိ မရွတ်နိုင်သော အခေါက်ရေကို အဓိဌာန် ယူမိခြင်း.... အဲ့ဒါကြောင့် မိမိတကယ် ပြုလုပ်နိုင်သော အကြိမ်ရေ အခေါက်ရေ ပုတီးပါတ်တို့ကိုသာ အဓိဌာန်ယူပါ ။

၂။လေးလေးနက်နက်မထားမိလို့
တနေ့ ပုတီး ၉ပါတ် နှုန်းဖြင့် ၉ရက် အဓိဌာန်ယူထားတယ်.... အကြောင်းတခုခုကြောင့်/ကျန်းမာရေး ကြောင့်သော် ၄င်း  အဓိဌာန် ပုတီးပါတ် စိပ်နေရင်း အိပ်ပျော်သွားတယ် ပုတီးပါတ်မပြည့်ဘူး... ရပါတယ်လေ နောက်ရက် မနေ့ ကကျန်ခဲ့တဲ့ ပုတီးပါတ်ရယ် ဒီနေ့ ပုတီးပါတ်ရယ် ရောပြီးစိပ်လည်း ရတာပဲ ထင်ကြတယ်.... မရပါဘူး အဓိဌာန်ဆိုတာ အပိုအလိုမရှိကွက်တိဖြစ်နေရပါမယ် ။

၃။အဖျက်ကို အဖျက်မှန်းမသိလို့
တခြား အချိန်ဆိုရင် ကျွေးမည့် မွေးမည့်သူ မပြောနဲ့ လက်ဖက်ရည် တောင် အလကား တိုက်မယံသူမရှိဘူး အဓိဌာန် ဝင်ပြီဆိုတာနဲ့ ဘီယာ တိုက်မယ့်သူ အရက်တိုက်မယ့်သူ ၊ KTV ကို စားရိတ်ခံ ခေါ်မယ့်သူတွေက အလျှိုအလျှို ပေါ်လာတတ်ကြတာပါပဲ... မိမိက အားနာလို့ မငြင်းမိရင် ပျက်ပြီလေ အဓိဌာန်.... ဒါက အဖျက်ကို အဖျက်မှန်း
မသိ လို့ပါပဲ ။
အဖျက် သဘောက အယဉ်ရယ် အကြမ်း ရယ် ဆိုပြီး အကြမ်းဖျဉ်း ၂မျိုး ၂စား ခွဲလို့ရပါတယ်.... အဖျက်အရမ်းကြမ်းရင် ကာယကံရှင် က သတိထားမိပြီး ရှောင်နိုင်သေးတယ်....
ယဉ်တဲ့ အဖျက်ကျတော့ အဖျက်လို့ကို မထင်မိတာ အမျိုးသားတွေမှာ ကြုံရလေ့ရှိတဲ့ အဖျက်လို့ပဲပြောရမလား..... သာမာန်အချိန်မှာ ဘယ်မိန်းခလေးမှ ကိုယ့်ကို ရှိမှန်းတောင် ဂရုပြုမခံရတဲ့ မိမိက... အဓိဌာန် ဝင်ပြီဆိုတာနဲ့ ခင်ချင်လို့ပါဆိုပြီး ချဉ်းကပ်ခံရတာနဲ့.... အမျိုးသမီး တစ်ဦးဦးနဲ့ ပါတ်သက်ဆက်နွယ်ဖို့ အကြောင်းဖန်လာတော့တာပါပဲ..... အဲ့ဒီအချိန်မှာ မိမိကိုယ်ကို မိမိ ထင်တစ်လုံးနဲ့ ငါတော်တော်စွံပါလား လို့ မထင်မိစေဖို့ပါပဲ.... အဖျက်ကို အဖျက်မှန်း သိပါစေ ။
ယခု တင်ပြသွားသော် အဖျက်ဓာတ်များဟာ အဓိဌာန်ပြုသော သူများကြုံတွေ့ရတဲ့ အဖျက်ဓာတ်များ သာဖြစ်ပါတယ် ။
ရှောင်နိုင်အောင် post တခုအနေနဲ့ ရေးသားဖော်ပြပေးခြင်း ဖြစ်ပါတယ်.....အကြံပေးချင်တာက
အဓိဌာန်ဝင်တိုင်း ပျက်ပျက်သွားတတ်တယ် ဆိုရင် မိမိ တကယ် ပြုလုပ်နိုင်သောအကြိမ်ရေအခေါက်ရေ နဲ့ နေ့ရက် တို့ကိုသာ အဓိဌာန် တင်ပါ ။
လုပ်တိုင်း ခဏခဏ ပျက်နေရင်.... မိမိရဲ့ မသိစိတ်ကို အပျက်ဓာတ်က စိုးမိုးသွားပါလိမ့်မယ်.... ကိုယ့်ကိုကိုယ် ယုံကြည်မှု  အားနည်း သွားပါလိမ့်မယ်.....ထို့ကြောင့် မိမိ အမှန်တကယ်ပြုလုပ်နိုင်သည်ထက်ပို၍ အဓိဌာန် မပြုစေလိုပါ ။ ဆောက်တည်သော အဓိဌာန်များ အဖျက်ကင်း၍ အောင်မြင်ကြပါစေ။
Credit....

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

ကျွန်ုပ်၏ မှတ်သားစရာများWhere stories live. Discover now