ဆူး အပိုင်း (3)

105 5 0
                                    

ရေစက်ပဲလား
"အကို coffee လာသောက်တာလား''
"Ommဟုတ်တယ်ခုပဲသောက်ပြီးတာ''
"သူငယ်ချင်း နဲ့လာတာလား''
"မဟုတ်ဘူး တစ်ယောက်ထဲပဲ ညီကော''
"သူငယ်ချင်း နဲ့လာတာ''ကြားဖြတ်ကာ
"ဖယ်ကြဦးမှာလားဒီနေ့ အထဲဝင်ပါရစေဦးရှင့်''
နေမင်းအိမ် ကိုင်ထားသောလက်ကိုင်လေး
ဆဲွပြီးဝန်ထမ်းတစ်ယောက်လို
"ဝင်လို့ရပါတယ်''မျက်နှာပြင်တစ်ခုလုံးနီမြန်းနေသောနေမင်းအိမ်ကို စစ်နိုင်စေ့စေ့ကြည့်နေမိသည်
"အာ့ဆိုစစ်နိုင် အထဲဝင်တော့မယ်
ရုံးကအပျော်ခရီးလိုက်ပို့မှာမို့ အဝတ်စားထွက်ဝယ်တာ သွားခွင့်ပြုပါဦး''ေပြာပြောဆိုဆိုတံခါးကနေထိုင်ရာနေရာသို့ခြေလှမ်းများလှမ်းနေသော်လည်း နောက်ကျောလေးကိုသာကြည့်ရင်း
ပြုံးနေသော နေမင်းအိမ် အပြုံးကိုသူသာလျှင်အသိဆုံးဖြစ်ပေမည်

"စစ် သူက''
"အသိပါ ''
"ကောင်လေးက မဆိုးဘူးနော် ဟီး''
"ဘာလဲအမကကြိုက်လို့လား''
"အယ်ပေါက်ပေါက်ရှာရှာ ငါက lesbian ေလ
ကောင်လေးကြိုက်စရာလား နင့်အတွက်ပြောတာ''ရီသံတွေက coffeeဆိုင်တစ်ခန်းလုံးဖုံးအုပ်သွားခဲ့သည်
"အမ တိုးတိုးပြောပါ လူတွေကြားကုန်မယ်''
"အဲ ဟုတ်သား ဟီး''
မှာထားတာလေးတွေ သောက်ရင်း ဘယ်ကနေစတွေ့တယ်ဘယ်လိုသိတယ်ဆိုတာနှစ်ယောက်သား အာလူးဖုတ်ရင်း ကော်ဖီဆိုင်လေးမှ
သီးခြားထွက်ခဲ့ကြတော့သည်
သတိရနေတဲ့အမှတ်တရတစ်ချို့က စစ်နိုင့်အိမ်မက်တွေထိပါ စိုးမိုးကုန်လေပြီ
"ဝေယံ ငါexအကြောင်းအိမ်မက်ခဏခဏမက်နေတယ်ဟာ ''
"အိပ်မက်လေ အိပ်မက် ဘာဆန်းတာမှတ်လဲ''
"ဒီတစ်ခါကမတူဘူးဟ ''
"ဘယ်လို မျိုးမို့လဲ''
စစ်နိုင် မက်ခဲ့သောအိပ်မက်အကြောင်းတစ်ခုမကျန်ပြောပေမယ့်လည်းဝေယံနှုတ်မှ အင်း.အဲ.ဟုတ်လား စကားအပြင်အခြားစကားမရှိ နောက်မှ.....
"အကိုဆို တာက''
"ဒီလိုဟ''စစ်နိုင် အသေးလေးကစအကုန်ပြောပေမယ့် လူတစ်ခါမှ မမြင်ဖူးသော ဝေယံအဖို့ စဥ်းစားရခက်ပေသည်
"သူက gay(တစ်နည်းအားဖြင့် LGBT)လား''
"မသိဘူးလေ ''
"မသိပဲနဲ့ စိတ်ဝင်စားရင် စစ် နင်ပဲခံစားရမှာ''
ဝေယံစကားတစ်ခွန်းက အတိတ်ကိုပါပြန်သတ်ိရစေသလို ဒဏ်ရာကိုပါလာစွပေးဟန်ရှိသည်
နှုတ်မှလည်းမုန်းတယ် မုန်းတယ် စကားတွေကိုသာ ထပ်ခါထပ်ခါပြောနေမိသည်
မျက်ဝန်းမှာလည်းမျက်ရည်စတွေပြည့်လာလုနီးနီးဖြင့်သာ ပြောလက်စဖုန်းလေးကို ချလိုက်မိသည် အီဆက်နေသောခေါင်းအုံးလေးကို
မျက်ရည်စတို့က ဝါးမြိုသွားခဲ့ပြီ....
......*. .......*. ......
"စစ်နိုင်  သား မျက်လုံးတွေမို့နေတယ်နော်
ဘာလဲ ညကငိုထားတာလား''မကြူအမေးကြောင့် ဖြေမယ့်စကားလုံးတောင့်မပီသစွာဖြင့်
"မ မ မဟုတ်ပါဘူး ညကအ​စောအိပ်လို့နေမှာ''.
မုသားစကားမပြောတတ်သောလည်းစစ်နိုင်​နှုတ်မှ အလိုလိုထွက်လာသလို အလိမ်အညာတစ်ခုပင် ထပ်ပြီး ငါနင့်ကိုမုန်းတယ်
ငါနင့်ကိုမုန်းတယ်ဆိုတဲ့စကားလေးကိုလည်း
နှုတ်မှခပ်တိုးတိုးလေးပြောမိပါတော့သည်
"ကဲကဲအားလုံး လုပ်စရာရှိတာလုပ်
ဒီနေ့အလုပ်စောနားကျ မနက်ဖန်ခရီးထွက်ရမယ်နော် ပြင်ဆင်စရာပြင်ဆင်ကြ''
"ဟေး''အခန်းတစ်ခုလုံး ရီသံတွေဖုန်းလွှမ်းကုန်ပါတော့သည်
.................
နာမည်မပါသောဖုန်းစိမ်းတစ်ခု ဝင်လာသော်လည်း ချက်ခြင်းမကိုင်သေးပဲ ထက်စောင့်နေမိသည် ပြီးမှ
"ဟလို ဘယ်သူလဲမသိဘူးဗျ''
"ကျနော်ပါ အရင်ကမင်းအရမ်းချစ်တဲ့သူ''
"ဟင်''ထိပ်လန့်နေသောလူတစ်ယောက်ပမာ
ကြောက်စိတ်တွေပါဖုန်းလွှမ်းပြီး အတိတ်ကို
အမှတ်ရစေမိပါတော့သည်
*-*-*-*-*-*-*
အေးစက်နေတဲ့ဆောင်းတွင်းရာသီလေးက
​ချစ်သူနှစ်ဦးအဖို့ ထွေးဖက်ထားရုံမှ နွေးထွေးလိမ့်မည်မဟုတ်ပေ....
"Morning babe ထတော့
မနက်စာလေးဆင်းစားရအောင်''
မှိတ်တုတ်မှိတ်တုတ် မျက်ဝန်းတစ်စုံတို့နှင့်အတူချစ်စရာကောင်းသော
ပါးဖောင်းဖောင်းလေး ပိုင်ရှင်စစ်ရန်နိုင်တစ်ယောက်အတွက် အိပ်ယာမှမထချင်ထချင်ဖြင့်
"အွန်း အစောကြီး ရှိသေးတာကို
ကိုကလည်း အိပ်ချင်သေးတယ် ''
"ထတော့လေ ဒီနေ့ကကိုတို့anniနေ့လေ''
"အယ်ဟုတ်သားပဲ babeမေ့တော့မလို့
ကို ခဏ မြန်မြန် မျက်နှာသစ်ဦးမယ်''
စစ်နိုင် အလျင်ထကာ ရေချိုးခန်းထဲ ဝင်သွားသည့်တစ်ပြိုင်တည်း အဝတ်စားတစ်ချို့အဆင်သင့်
ထုတ်ထားပေးသူကား စစ်နိုင် ချစ်လှစွာသော
တစ်စုံတစ်ယောက်.........
"ကြီးမေ မနက်စာစားတော့မယ် ''
"နှစ်ယောက်စာပဲနော်သား.''
"ဟုတ်တစ်ပန်းကန်က အစပ်မထည့်ဘူး''
ကြီးမေဆိုသူမှာအခြားသူမဟုတ် ငယ်စဥ်ကတည်းကထိန်းကြောင်းလာခဲ့ရသူ...
စစ်နိုင်အစပ်မစားမှန်းသိနေသောသူအတွက်
မှတ်ဖို့ရာမခက်ပေ  နှစ်ယောက်သား ကိုယ်စီစားရင်း တစ်ယောက်နဲ့တစ်ယောက်အကြည့်တွေစုံ နောက်ဆုံးထိချစ်သွားကြမယ်ဆိုတဲ့စကားနဲ့အတူ လမ်းခွဲမယ် စကားလုံးတွေကပါ
ထပ်ခါတစ်လဲလဲ ကြားမိပြန်ပါတော့သည်
"ခင်ဗျား ကျနော့်ကို ဘာတွေထပ်ပြီး
ဒုက္ခ ပေးဦးမှာလားလဲဗျာ ကျနော့်ဘဝထဲ
ထပ်ပြီး ဝင်မလာပါနဲ့ တော့''နှုတ်မှပြောနေမိသည် ထိုစကားကို ဖုန်းဆက်သူမှကြားနိုင်မည်မဟုတ်ပါ..............
"ညီ''မက်ဆေ့တစ်ခု ဝင်လာခဲ့သည်
ပို့လာသူ နေမင်းအိမ်...
"ဟုတ်''
"နေ့ခင်းက ညီဝတ်ထားတဲ့ပန်းဆီရောင်အကျီလေးနဲ့အရမ်းလိုက်တယ် ပိန်လို့ထင်တယ်အတိုလေးတွေနဲ့''ချီးကျူးသံတွေနဲ့အတူ စစ်နိုင်
"ဟုတ်''မှ​ပြောစရာစကားမရှိပြီ.
"ညီ ဘာလို့လဲ စကားမပြောချင်လား''
"မဟုတ်ပါဘူး စိတ်ညစ်လို့ ''စာလေး ဝင်ဝင်ခြင်းပဲ ဖုန်းချက်ခြင်းဝင်လာခဲ့သည် ကိုနေမင်းအိမ် ဆိုသူ
"အင်း''.
"ဘာတွေညစ်နေတာလဲ အကို့ပြောလေ''
"Personal ကိစ္စ ပါ''
"ဘာလဲ ကောင်မလေးနဲ့က အဆင်မပြေတာလား''
"မဟုတ်ဘူး''
"Why? "
"အရင် Exက ဖုန်းဆက်လာလို့''
"ဟာ သူကဘာလဲပြန်ဆက်ချင်တာလား''
"မသိဘူး''စစ်နိုင် အကြောင်းစုံ ရင်ဖွင့်ပြရင်း
ငိုသံသဲ့သဲ့လေးကြောင့်
"ညီ ငိုနေတာလား ''
"ဟင့်အင်း မငိုပါဘူး သူ့ဟာသူ
ကျလာတာ ''
"ညီ အာ့ဆို အရင်ကကောင်လေးထားခဲ့တာပေါ့''
"ထားခဲ့တာထက် လက်တွဲဖို့ထိအောင်
ရူးသွပ်ခဲ့ဘူးတယ် လမ်းခွဲရမယ်လို့လဲ
ထင်မထားခဲ့ဘူးလေ''
"အင်းပေါ့''
"Rsတစ်ခုကို အရမ်းအလေးထားခဲ့တဲ့
ကျနော့်အသဲကိုမှ လုပ်ရက်လွန်းလို့
ပြန်တွေးတိုင်း နာကြင်နေရတယ်ဗျာ''
စကားလုံးတစ်ချို့က နေမင်းအိမ် အတွက်
နားထောင်ပြီး ခံစားကြည့်ပေးရုံမျှဖြင့်
စစ်နိုင် ခံစားချက် ကို သိရှိစေနိုင်လိမ့်မည်မဟုတ်လား.........
......x. ....x. ......x. ......
March 22.3.2022
ကားတစ်စီးလုံးဆူညံသံတွေဖြင့်
အေးစက်သောဆောင်းရာသီကိုကျော်ဖြတ်
ပူနွေးနွေးနွေရာသီ လေးန​ဲ့အတူ ချောင်းသာ
အပန်းဖြေခရီးကို Express ကားလေးတစ်စီးနဲ့သာ ခရီးထွက်ခဲ့ကြာတော့သည်.....
"စစ်နိုင် သက်သာလား ရောက်တော့မှာနော်
ခဏအောင့်ထား''ကားစထွက်ထွက်ခြင်း
တစ်လမ်းလုံး မူးပြီးအန်လာခဲ့ကာ လူလည်းမျော့မျော့သာကျန်သောကိုယ်ထည်လေးကို စိုင်းသီဟ
ထွေးပွေ့ရင်း တစ်လမ်းလုံးအားပေးစကားသာပြောနေမိသည်...
ချောင်းသာကမ်းခြေမှလှိုက်လှဲစွာကြိုဆိုပါ၏
ဆိုင်းဘုတ်နဲ့အတူ Express ကားလေးတစ်စီးဟာလဲ hotelဝန်းထဲကိုဆိုက်ရောက်လာခဲ့ပါသည်
မကြူတစ်ယောက်ကားပေါ်ကအရင်ဆင်းကာ
Hotelခန်းမကြီးထဲ ဝင်ရောက်သွားပြီးခဏအကြာမှာ hotelဝန်ထမ်းကောင်လေး၂ယောက်နဲ့အတူပြန်ထွက်လာခဲ့သည်
"ကဲ hotelက ၂ယောက်တစ်ခန်းစီနော်ယောကျ်ားလေးတွေက ''
"ကျဲ သမီးတို့ကကော''.
"မိန်းခလေးတွေက တစ်ခန်း3ေယာက်
အခန်းပိုကျယ်တယ် ကုတင်အကြီးတစ်လုံး
အသေးတစ်လုံး ''ပြောရင်း အထုပ်တွေကိုယ်စီသယ်ကာ ဝန်ထမ်းကောင်လေးပို့ပေးသောအခန်းဆီ အကုန်လိုက်ပါလာခဲ့သည်
"ကျဲ သား စစ်နိုင်နဲ့တစ်ခန်း အတူနေလိုက်မယ်နော် အသန့်ကြိုက်တဲ့သူအချင်းချင်းမို့''
"အင်းဟုတ်ပီ သဘော ခဏနားပြီး hotelရှေ့လာခဲ့ဖို့ သီဟ သားပဲပြောလိုက်ဦး''
"ဟုတ်''စိုင်းသီဟ တစ်ဖက်မှအထုပ်တွေသယ်
တစ်ဖက်ကလဲ စစ်နိုင်ကိုတွဲရင်း ဝန်ထမ်းကောင်လေးစီစဥ်ပေးသောအခန်းကို ဝင်ရောက်ခဲ့လေပြီ
"ဟူး တစ်ကိုယ်လုံး နံစော်နေတာပဲ
ခဏနားပြီးမှ ရေသွားကူးတော့မယ်''
မထနိုင်သေးသောစစ်နိုင်ကို ကပ်ပြောကာ
Hotelအခန်းထဲ ေအးဆေးလေးသာ နားနေခဲ့သည်
......x. .......x. .........x. .......
"ကဲ အားလုံးပဲ ရေကကူးတာကူးလို့ရတယ်
ရေနက်တဲ့ဘက်မသွားကြနဲ့ ကြားလား''
"ဟုတ်''ခဏအိပ်လိုက်သောစစ်နိုင် လန်းလန်းဆန်းဆန်းဖြင့်သာရေကူးရန်ကမ်းခြေသို့အပြေးလူခဲ့ပါသည်
"ဟေးစစ်နိုင် ကမ်းခြေမှာပဲကစားနော်''
နောက်ကိုပင်ပြန်လှည့်မကျိပဲ
"အိူခေ''စကားတစ်ခွန်းဖြင့်သာ ဘောကွင်းလေးယူပြီးကလေးတစ်ယောက်ပမာ ရေရှိရာနေရာလေးကို ရောက်ခဲ့ပါတော့သည်
ေဘာကွင်းလေးဟာ ရေလှိုင်းနဲ့အတူ စစ်နိုင်ကို
အဝေးသိူ့စွဲခေါ်သွားခဲ့သလိုရှိနေပေသည်
"အား''အိစက်နေသောဘောကွင်းပေါ်မှပြုတ်ကျသွားခဲ့သောစစ်ရန်နိုင်....
"လာကြပါဦး ရေနစ်နေလို့ လာကြပါဦး''
ရုံးဝန်ထမ်းတစ်ချို့ အသံကြောင့်
စိုင်းသီဟအပြေးလာခဲ့......
တစ်စုံတစ်ယောက် ရေထဲထိုးဆင်းသွားကာ စစ်နိုင်ရှိရာရေနက်ဆီဦးတည်ကူးခက်လာခဲ့သည်
ကိုယ်ထည်ကိုပွေ့ကာ ကမ်းခြေရှိရာကူးခတ်လာသောတစ်စုံတစ်ယောက်အဖို့ ပင်ပန်းလှချေပြီ
ကိုယ်ထည်ပျော့ပျော့လေးကို ထွေးပွေ့ရင်း.
သဲသောင်ပြင်ပေါ်ချကာ ရင်ဘတ်တစ်ခုလုံးကို
ကြီးမားသော လက်တစ်စုံဖိလျက် နှုတ်ခမ်းတို့မှာလည်း ကျိနေသောဇာတ်လမ်းတွဲလေးမှဇာတ်ဝင်းခန်းတစ်ခုပမာ...
"အဟွတ် အဟွတ်''အသံလေးလဲ ရေလုံးလေးတွေထက်သဲ့သဲ့လေးကြားခဲ့ရပါသည်
မျက်ဝန််းအိမ်တို့လဲ ပွင့်လာပြီး အသက်ရှူသံတို့လည်းမြန်လာခဲ့သည်
"သတိရပြီလား''မေးသံ သဲ့သဲ့လေးနဲ့အတူ ဆူညံသံတစ်ချို့ကြောင့် ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ရသူစစ်နိုင်တစ်ယောက်အတွက်တော့.......
အပိုင်း (4)
မျှော်

ဆူး....Where stories live. Discover now