"သားရေ''
"ဗျာ မေမေ''
"မနက်ဖန် ဟန်နီချိုတို့မိသားစုအိမ်အလည်လာလိမ့်မယ်''
"ဟန်နီချို ဘယ်သူလဲမေမေ''
"ဦးတင်ထွန်းသမီးလေ သားနဲ့လူကြီးချင်း
သဘောတူထားတဲ့''
စကားပင်မဆုံးသေးခင်ပဲ
"အဟွတ် အဟွတ်''
"စစ်နိုင် သား ရရဲ့လား ''
ထမင်းပင်သ်ိးသွားခဲ့သည်အထိပင်
"အန်တီကျနော်ပြန်တော့မယ်
အကို ညီပြန်တော့မယ်''
"အကို လိုက်ပို့ပေးမယ်လေ''
"ရတယ်''စစ်နိုင်ချက်ခြင်းထမင်းဝိုင်းလေးမှ
ထကာ ခြံအပြင်ထွက်ပြီး လာရာ taxiကို
ငှားပြီးအိမ်သို့သာပြန်လာခဲ့သည်
"စေ့စပ်ထားတဲ့သူ ဟုတ်လား''
"အင်း ဟုတ်တယ် ''
"စစ် နင်အဆင်ပြေရဲ့လားဟာ''
"ပြေပါတယ် ငါဘာမှမဖြစ်''
ငိူသံတွေနဲ့အတူ ဝေယံကိုရင်ဖွင့်ရင်းသာ
စစ်နိူင်ညလေးဟာ တိတ်ဆိတ်သွားခဲ့ရတော့သည်
......................
နေမင်းအိမ် မနေ့က ကိစ္စ အတွက်
တစ်ညလုံးဖုန်းဆက်သော်လည်း
စစ်နိုင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
"အန်တီ စစ်နိုင်အိမ်မာရှိလား
ဖုန်းမကိုင်လို့ ''
"မနက်ကတည်းက ထွက်သွားတယ်
ဘာလဲညီကိုနှစ်ယောက် ရန်ဖြစ်ထားကြတာလား''
"မဟုတ်ပါဘူး''. ..
စိတ်တွေလည်းညစ်သွားခဲ့ပြီး နေမင်းအိမ် အိမ်ပဲပြန်လာခဲ့တော့သည်.
"အကို''
မိန်းခလေးတစ်ဦးအသံကြောင့်
"သား လာထိုင်ပါဦး ''ဧည့်ခန်းသိူ့ခေါ်ဆောင်သူ
နေမင်းအိမ် မေမေပင်
"ဟုတ်''
"ဒါက ဦးတင်ထွန်း
ဒါက''
"ဟန်နီချိုပါ အကို''
လက်ကို ဦးစွာလှမ်းဆွဲကာနှုတ်ဆက်ခဲ့ပုံတဲ့
ဟန်နီချိုကိုနေမင်းအိမ်သဘောမကျပေ..
"ရှေ့တစ်ပတ်ထဲ သားနဲ့စေ့စပ်ပွဲရှိတယ်''
"ဗျာ မေမေမြန်လှချီလား သားတောင်ဘာမှမသိရပါ့လား''
"ဟန်နီ daddy စင်ကာပူမပြန်ခင်
ကိုကိုနဲ့ မဂ်လာဆောင် ပွဲလုပ်ပေးခဲ့ချင်လို့
အတင်းစီစဥ်လိုက်တာ''စကားဝင်ဖြတ်ပြောသောဟန်နီချိုနှုတ်မှလည်း''ကိုကို''နာမ်စားကိုပင်မပြတ်ခဲ့။
"မနက်ဖန် သမီးကိုခေါ်ပြီး စေ့စပ်ပွဲအတွက်
ဝတ်စုံလေးဝယ်ဖို့သားလိုက်သွားပေးလိုက်နော်''
မေမေ စီစဥ်မှုနဲ့အတူနေမင်းအိမ်တစ်ယောက်
လက်ခုပ်ထဲကရေလိုဖြစ်ခဲ့ရပေတော့သည်။"မဒီး မဂ်လာဆောင် ကျ အနိုင် သတို့သား
အရံလုပ်ပေးမယ်နော်''
"တကယ်နော်ပြီးကော''
ဂါဝန်ဖြူလေးနဲ့လှနေသောဒီးနဲ့အတူမြင်ကွင်းတစ်ချို့က
နေမင်းအိမ်တို့အတွဲ
"ကိုကို ဒါလေးလှလား''
"အွန်း ဟာစစ်နိုင်''
စကားပင်မဆုံးသေးခင်ပဲ စစ်နိုင်ကိုလှမ်းခေါ်လိုက်သည်
"မဒီး ကျနော် ကားပေါ်ကစောင့်မယ် သွားနှင့်ပြီ''
"Awwအင်းအင်း''
"စစ်နိုင် ညီ ညီ''
နေမင်းအိမ် အော်ခေါ်ပေမယ့်လည်း
စစ်နိုင်လှည့်မကျိခဲ့
"ကို သူကဘယ်သူလဲ''
"ကို့အသိပါ''
"အင်းပါ ဒါပြီးရင် အိမ်ပဲတန်းပြန်ကြမလား
ဘယ်သွားဥိးမလဲ''
"ကို အိမ်လိုက်ပို့ပေးမယ်လေ ပြီးရင်ကိုသွားစရာလေးရှိလို့''
"ေအာ် အင်းပါ ''
ဝတ်စုံလေးလဲရွေးပြီး အပြင်ထွက်ခဲ့ပေမယ့်
ကားဒေါင့်မှန်လေးကနေ မျက်ရည်စတွေနဲ့
တိုးတိတ်စွာ ကြည့်နေသူ စစ်နိုင်
.*. *. *. *. *. *. *. *. *. *
"စစ် ဘာဖြစ်တာလဲ အသိလား''
"မမကိုဟိုတစ်ခါပြောပြတဲ့နေမင်းအိမ်ဆိုတဲ့အကို''
"ဟယ် သူကစော်ကြီးနဲ့ကို ငါတို့စစ်ကလေးကို
လုပ်ရက်တယ် သနားပါတယ် ''
စစ်နိုင် ကိုထွေးပွေးရင်း အားပေးစကားပြောပေးနေလေသည်
"ထားလိုက်ပါ မမရယ်သူကအနေသာကြီးပါ
ကျနော်ကသာတစ်ဖက်သက်ဖြစ်နေတာပါ''
ငိူသံတွေနဲ့အတူ ကောင်းကင်နတ်မင်းကြီးလဲ
မျက်ရည်မိုးတွေရွာသွန်းခဲ့သော...........
.x. x. X. X. X. X. X. X
"ငါနမ်းတုန်းက
သူဘာလို့လက်ခံခဲ့တာလဲ
ငြိမ်နေတာဘာလို့လဲ
ဘာကြောင့်လဲ ''
တစ်ညလုံးငိုထားသောမျက်လုံးဖုဖုလေးဟာ
"သား မေမေ နေမင်းတို့စေ့စပ်ပွဲသွားမလို့
လိုက်မာလား''
"သားနေသိပ်မကောင်းလို့
မလိုက်တော့ဘူး မေမေပြောပေးနော်''
"အင်းအင်း အာ့ဆိုသွားပြီနော်''
လိမ်လည်မှုတွေနဲ့အတူ ခေါင်းအုံးလေးဟာလဲ
မျက်ရည်စနေတဲ့နေ့တိုင်းနီးနီးစိုရွဲနေလျက်ပင်
"တွီ တွီ တွီ''
"ဟလို ''
"ညီ ဘာလို့အကို့ကိုရှောင်နေတာလဲ
စေ့စပ်ပွဲလည်းညီမလာဘူးနော်''
"ကျနော်နေမကောင်းလို့''
"နေမကောင်းဘူးဟုတ်လား မလိမ်နဲ့
Fb မှာfeelနေတဲ့postတွေက
အကို့ကို''
"မဆိုင်တာမပြောနဲ့ ခင်ဗျားနဲ့မဆိုင်ဘူး
ခင်ဗျားဘာသာအေးဆေးနေ
ကျနော့်ကိုလဲဖုန်းထပ်မဆက်နဲ့''
"ညီ ည်ိီ''
စစ်နိုင် ဖုန်းချလိုက် ''ငါမှားသွားလား
မမှားဘူး မမှားဘူး ဒါငါလုပ်သင့်တာပဲလေ''စိတ်ပြေလက်ပျောက် ညဘက်ကန်တင်းလမ်းလျှောက်ထွက်ရင်း
"စစ် ဟိုမာ ဟိုမာ ကိုနေမင်းအိမ်ကောင်မလေးမို့လား သူ့ဘေးကဘဲရီးက''
"အင်းဟုတ်တယ်နော် သူက''
"လာလိူက်ချောင်းရအောင် နင်ဖုန်းနဲ့ရိုက်ထား''
"အွန်း''
နောက်ကနေမသိမသာလိုက် ဖုန်းရီကော့ဖမ်းယူရင်း
"ချစ် ခုတောင် စေ့စပ်လိုက်ကြပီ
မဂ်လာဆောင်ကနောက်လထဲ ကိုယ်တိူ့ဝေးရတော့မယ်''
"ကို မဂ်လာဆောင်တာ သူတိူ့အပိူင်းလေ
ဆောင်ပြီးရင်ရမယ့်အမွေတွေယူ
ကိုယ်နဲ့ စင်ကာပူအပြီးထွက်သွားဖို့ပြင်ပြီးပြီ''
"ဟာချစ်က တကယ်တော်တာပဲ''
.x. x. .x. x. x. x. x. x
"စစ် နင်မြင်လား ''.
"သူတိူ့ အကို့ကို အလိမ်အညာတွေထဲ
သွင်းပြီးရုပ်သေးရုပ်လိုကခိုင်းတော့မယ်
မဖြစ်ဘူး ငါအကို့ကိုပြောမှရမယ်''
အပိုင်း(6)
မျှော်