ဆေးရုံရဲ့ဘေးဒေါင့်စွန်းလေးမှာ
ဆလိုင်းချိတ်အနေအထားနှင့်သာ
စစ်နိုင်ခံစားနေရသည်ကိုသူမှအပ
မည်သူမှမသိနိုင်ချေ။
"မေမေ ကိုကို သတိရပီလား''
"အင်း သူသတိရလာပြီ
ဒါပေမယ့် ''
"ဒါပေမယ့် ဘာဖစ်လို့လဲမေမေ''
"သူ မေမေတို့ကိုသတိမရတော့ဘူး''
"ဗျာ''
မျက်ရည်စတွေအရင်လိုသုပ်ပေးဖို့
လက်တစ်စုံဟာလည်း အသက်မဲ့သွားပြီ။
"ကိုကို့ဆီသွားတွေ့ချင်တယ်မေမေ''
"မနက်ကပဲ ဆေးရုံ ပြောင်းသွားပြီတဲ့''
"ဟင် ဘာလို့လဲ ''
"ေမမေလဲမသိတော့ပါဘူးသားရယ်''အခန်းလေးလည်းထွန်းလက်စဖယောင်းတိုင်
မှိန်မှိန်လေးနဲ့ မျက်ရည်တွေက တခြားသူကို
ပြောပြပေးဖို့အတွက်ပင်မဖြစ်နိုင်ခဲ့၃လလောက်ကြာတဲ့အထိ နေမင်းအိမ် အရိပ်အယောင်မျှအနားတွင်မတွေ့ရတော့ပေ
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
တပ်ဆင်ထားခြင်းမရှိပါသောကြောင့်
ခေါ်ဆို၍မရနိုင်ပါရှင် ''
အကြိမ်တစ်ရာမကခေါ်သော်လည်း
ထိုအမျိုးသမီးနှင့်သာတိုးခဲ့လေသည်။"စစ်နိုင်''
"ဟာ ဝေယံ''
"ဘယ်တေပျောက်နေတာလဲ မတွေ့တာကြာပီ''
"ဒီလိုပါပဲဟာ ''.
ပြီးပြီးသား ကိစ္စ တစ်ချို့ကိုပြန်၍လည်းမပြောချင်သလို ပြန်ပြီးလည်းအစမပြုချင်တော့ပါ"သား ထမင်းစားရအောင်''
"ဟုတ်မေမေ''
စောင်အထူကြီးချုံထားလျက်
အိပ်ယာမှဗျုံးကနဲထရပ်လိုက်သည်
ဘာကိုမှမမှတ်မိပေမယ့်
မိသားစုကိုတော့မှတ်မိနေခဲ့ပေသည်"ဒါလေးထည့်စား သားအရမ်းကြိုက်တာလေ''
"သား ဘယ်တုန်းကကြိုက်တာလဲ
ငါးမစားတာမေမေသိရဲ့သားနဲ့''
"သားမမှတ်မိတာနေမာပါလေ
ထားလိုက်ပါ ေမမေကြက်ဥကြော်ပေူမယ်နော်''
"အင်းမေမေ''
အရာအားလုံးသတိမေ့သွားခဲ့ရင်တောင်
အရမ်းချစ်လှပါပြီဆိုသော ကောင်လေးတစ်ယောက်ကိုတော့ မေ့ဖို့မလိုလှပေတစ်ဖက်သူကောင်လေးအဖို့ခံစားနေရပါမည်လား ဘယ်သူမှမသိနိုင်တော့ပြီ
"စစ် မင်း
သူကိုသတိရနေသေးလား''
"ဟင့်အင်းမရတော့ဘူး''
"တကယ် ''
"အင်း''ဟန်ဆောင်ပြီးသာ
မဲ့ပြုံးလေးပြုံးလိုက်ခဲ့မိသည်
"ဟော ဟိုမှာ ကိုနေမင်းအိမ် ''
"ဘယ်မှာလဲ''
"စတာပါ သတိမရတော့ဘူးဆို
ပြောတော့''
စကားပင်စွံအစွာ မပြောနိုင်ခဲ့ရပြ်ိ
တကယ်ပဲ ယနေ့ထိ သတိရနေခဲ့တာလား။