အရူးမူးမိူက်မဲခဲ့မိတယ်
စွဲခန်းခဲ့မိတယ် အကြိမ်ကြိမ်အခါခါ
ပြိုလဲခဲ့ဖူးတယ် ဒီတစ်ခါတော့
နောက်ဆုံးအကြိမ်ပဲ ဖြစ်ချင်ပါတော့သည်။"မေမေ ကိုကို့တို့အိမ်ခဏသွားဦးမယ်
ပြောစရာရှိလို့''
နှစ်ဖက်မိဘများသာမက အားလုံးသိပြီးပြီ
ဖြစ်တဲ့အတွက် ေနမင်းအိမ်တို့အိမ်ကလေးဟာ
စစ်နိုင်အတွက် တံခါးမရှိ ဓားမရှိပါပဲ။"အမေ ကိုကိုရှိလား''
"အင်းရှိတယ် အခန်းထဲမာထင်တယ်''
"ထမင်းစားပြီးမှ ပြန်မာနော်ဒီနေ့''
"မစားပဲကော ပြန်လို့ရမယ်ထင်လား''
နေမင်းအိမ် မေမေကပင်
အရေးတယူလုပ် သားတစ်ယောက် ပမာ
ချစ်မြတ်နိုးခဲ့ကြပေတော့သည်။
"ကိုကို ဝင်ခဲ့မယ်နော်''
"အင်း ဘယ်သူလဲ ''
တံခါးကိုပင် ဆက်လက်ဖွင့်ရန်အားပင်
မရှိတော့ပြီ။
"ဟင်''
တံခါးပေါက်လေးပွင့်လာသည်နှင့်ပဲ
သူစိမ်းတစ်ယောက် သဏ္ဍန် ဖြင့်သာ
"ဘာ ကိစ္စ ရှိလို့လဲ
ဘယ်သူလဲဗျ''
"ဟင် ကိုကို''
နှုတ်ဖျားမှစကားပင်မပြောပြနိင်အောင်
တွေဝေနေခဲ့ရသည်
"ဘာမှမဟုတ်ပါဘူး
ကျနော် ပြန်လိုက်ပါဦးမယ်''
ခေါင်းလေးတစ်ချက်သာငြိမ့်ပြရင်း
အိမ်အောက်ထပ်ကိုအပြေးဆင်းခဲ့သည်
ပါးပြင်ထက်မှ မျက်ရည်စအချို့နဲ့အတူ"ကျနော့ကို တကယ်မမှတ်မိတာလား
မေ့သွားတာလား ဘာလဲဘာလဲ''
အခန်းထဲတွင် ကျယ်လောင်စွာ
အော်ဟစ်ခဲ့မိပြီ ေမမေသည်လည်း
အခန်းစီချက်ခြင်း အပြေးရောက်လာခဲ့သည်
"သား သား ဘာဖစ်တာလဲ ''
"သူ သားကိုမမှတ်မိတော့ဘူး
သားကိုမေ့သွားပြီမေမေရဲ့''
"ဘယ်လို မေမေနားဖြင့်မလည်တော့ဘူးသားရယ်''
စစ်နိုင် အဖြစ်အပျက်အားလုံးကို
ပြန်ပြောခါမှ နားလည်သဘောပေါက်ခဲ့သည်။
"သားရယ် သတိပြန်ရလာမှာပါ
စိတ်ထဲမထားနဲ့နော် ခုလိုမျိုးက
ကုဖို့နဲနဲတော့အချိန်ပေးရမာပေါ့''
"သူ သားကိုမေ့သွားရင် သားသေလိမ့်မယ်''
ဒေါ်ခင်ကြည် သားဖြစ်သူကိုထွေးပွေ့ရင်းသာ
အားပေးနှစ်သိမ့်ခဲ့ရပါတော့သည်။၂၃ရက်ဖေဖော်ဝါရီလဆန်း၅ရက်
"ဟလို''
"ဒီနေ့ ဆရာဝန်နဲ့ရက်ချိန်းရှိတယ်မို့လား
အဲ့ဒါဆေးခန်းပြဖို့ ညီလာခေါ်မယ်နော်''
"ဟုတ် ေကျးဇူးပါ''
ကျေးဇူးပါ ဆိုတဲ့နာမ်စားက
အရမ်းသူစိမ်းဆန်လွန်းပါတယ်ဗျာ
ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်ကြတာ
အရာအားလုံးမေ့ခဲ့ရင်တောင်
ကျနော့်ကိုတော့......................