ဆူး အပိုင်း( 7 )

57 4 0
                                    

"အန်တီ ''
"ဟုတ်တယ်  အန်တီပဲ မတရားခံထားရတဲ့
သားအတွက် ဒီကိုလိုက်လာခဲ့တာပဲ''
"ဘာကိုလဲ ကျနော်နားမလည်ဘူးနော်''
စစ်နိုင်မေမေမပြောခင်ဝေယံဦးစွာပြောလိုက်သည်
"ကျနော် ပြောမယ် စစ်နိုင် ခုထောင်ကျနေတယ်
အဲ့လိုကျရတာ အခြားသူကြောင့်မဟုတ်ဘူး
ခင်ဗျား လက်ထက်မယ့်အမျိုးသမီးကြောင့်''
"ကျနော် ဘာမှနားမလည်တော့ဘူး''
ဝေယံ ချက်ခြင်း videoဖွင့်ထားသော
ပိတ်ကားစဆီသွားပြီး ပါလာသောစစ်နိုင်ဖုန်းနှင့်
Joinလိုက်စဥ်ခဏအတွင်းမှာပဲ
"ဟင် ဟာ ''အာမေရိတ်အသံများ ခန်းမထဲတွင်
ဆူညံစွာကြားခဲ့ရပါတော့သည်
"စစ်နိုင်က သူအရမ်းချစ်ရတဲ့သူကို
ဒုက္ခ မရောက်စေချင်လို့ နည်းမျိုးစုံနဲ့
လိုက်ကူညီပေးနေတာ
ခုအဖြစ်အပျက်မှာလဲ မဟန်နီချိုက
သူ့စံထိုးနဲ့စစ်နိုင်ကိုထိုးခဲ့ပါတယ်''
"မဟုတ်ဘူး သူလိမ်နေတာ
လုံခြုံရေး တွေသူတို့ကိုအပြင်စွဲထုတ်လိုက်''
"သွားစရာမလိုဘူး နှင်လဲထုတ်စရာမလိုဘူး
ဆက်ပြော ညီ''နေမင်းအိမ်ဒေါသလည်းထွက်ထွက်နှင့်သာအော်​ပြောခဲ့လေသည်။
"စစ်နိုင် သူ့ကိုယ်သူကာကွယ်ခဲ့ရုံပါ
ဟန်နီချို ကသာသူ့ဘာသာခြေချော်ပြီး
ပြုတ်ကျခဲ့တာပါ ကျနော်cctvမှတ်တမ်း
တွေလည်းကူးယူခဲ့ပါတယ် ဒီမှာပါ''
နောက်ထပ်videoတစ်ခုကို ဖွင့်ချပြခဲ့သည်နှင့်
"ဟာ''

"မပေးဘူး ''
"ပေးလို့ပြောနေတယ် ကဲဟာ''
"အား အား''videoကြည့်ပြီးပြီးချင်းမှာပင်
"သမီးမိုက် မိဘကိုအရှက်ခွဲတယ်
သွား နင်ထွက်သွား ငါ့မျက်စိရှေ့ကနေ
ငါ့ကိုအမေလိုလုံးဝလာမခေါ်နဲ့''
ဟန်နီချို လည်းခန်းမထဲကနေရှက်ရှက်နှင့်သာ
အခန်းရှိရာပြေးထွက်သွားခဲ့လေသည်

"ကျွန်မတို့တကယ်တောင်းပန်ပါတယ်
မနက်ဖန် အမှုကိုရုပ်သိမ်းဖို့လည်းစီစဥ်ပေးပါ့မယ်''
"အမှူပိတ်ပေးမယ်ဆိုတာနဲ့တင် ကျွန်မ
အဆင်ပြေပါပီ ကျွန်မသားကိုအရမ်းလွမ်းနေပြီ''
မေမေငိုနေတာကိုကော စစ်နိုင်မြင်နိုင်မည်မဟုတ်ခဲ့

"အန်တီ သားလဲတောင်းပန်ပါတယ်
စစ်နိုင်အပေါ်မှာလည်း ရက်ရက်စက်စက်
ပြောခဲ့မိပါတယ်''
"ဒီမှာအကို အကိုတောင်းပန်ရမှာ
စစ်နိုင်မေမေ့တင်မဟုတ်ဘူး
စစ်နိုင့်ကိုပါတောင်းပန်ရမှာ
သူကအရမ်းသနားဖို့ကောင်းတယ်''
"ဝေယံ ဘာတွေသိထားတာလဲ
အကို့ကိုပြောပြပါ''

ဆူး....Where stories live. Discover now