Ep 11☘️(U/Z)

175 9 0
                                    

U

တို့နှစ်ယောက်ကြားကချစ်မေတ္တာ♥️
Ep 11

သဲနှင်းဖြူ ညနေကအဖြေပေးပြီးတာကိုတွေးရင်း ညဘက်အိပ်တောင်မပျော်တော့ပေ။ အဖြေကိုချက်ချင်းပေးခဲ့မိတာ မှားနေလားလို့ တွေးနေမိသည်။ သို့ပေမယ့် အဲ့အချိန်တုန်းက သူ့ကိုချစ်တာတစ်ခုပဲသိတာကို။ သူ သဲကို မချစ်တော့မှာကိုလည်းတွေးကြောက်မိသည်။ ဘယ်တတ်နိုင်မလဲ သူနဲ့လက်တွဲဖို့စဉ်းစားခဲ့ကတည်းက သူ့ကိုယံုကြည်ရမှာပေါ့။

ည၁၀နာရီအချိန် နာရီသံ ဂျောက်ဂျက်ဂျောက်ဂျက် မြည်သံက အခန်းတွင်းမှ တိတ်ဆိတ်မှုကို ဖြိုခွင်းကာနေလေသည်။ သူမလည်းအိပ်မပျော်သဖြင့် ဖုန်းဖွင့်ကာ လိုင်းပေါ်သို့တတ်လာချိန်

တောင်(မက်ဆေ့ချ်ဝင်သံ)

" Hello သဲ "

သဲသဲ လိုင်းဖွင့်ဖွင့်ချင်း ခွန့်ဆီကစာဝင်လာသည်။ သူငါ့အကောင့်ကိုကြည့်နေတာလားဟ။ သူလည်းအိပ်မပျော်သေးဘူးလား။ ငါ့လိုပဲရင်ခုန်နေလို့များလား။

" Hello ကို မအိပ်သေးဘူးလား "

ခွန်ကချက်ချင်းပင် replyပြန်လာသည်။

" ကိုလေ ရင်တွေအရမ်းခုန် အပျော်လွန်နေလို့ အိပ်မပျော်ဘူးသဲရဲ့..သဲရော ကိုယ့်လိုပဲလားဟင် "

သဲသဲ ပြံုးမိသည်။ သဲလည်း သူ့လိုပဲလို့တော့ မပြောတော့ဘူး။ ချစ်တာကချစ်တာပေါ့ အရမ်းကြီးချစ်မပြချင်ဘူး။

" မခုန်ပါဘူးနော်...ဟွန်း "

သူက စိတ်ဆိုးနေတဲ့ဝက်ဝံရုပ်စတစ်ကာလေး ပို့လာလေသည်။ သူစိတ်ဆိုးနေမယ့်ပံုလေးကို မြင်ယောင်မိပြီး ရယ်မိသည်။

" သဲ အချစ်...နက်ဖြန် ကိုယ်တို့ရဲ့ first date လည်းဖြစ်Christmas နေ့လည်းဖြစ်တော့ သဲဘယ်သွားချင်လဲ "

" ကို ကရော ဘယ်သွားချင်လဲ "

" သဲ သဘောပါဗျာ။ သဲသွားချင်တဲ့နေရာသာပြောလိုက် အကုန်ဖြည့်ဆည်းပေးမယ် ကိုယ့်အချစ် "

သဲသဲ ခဏမျှ စဉ်းစားလိုက်ပြီး

" သဲ ကစားကွင်းသွားချင်တယ် လိုက်ပို့ပေး "

တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤(ရပ်နား)Where stories live. Discover now