U
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤️
Ep25" သား ကျောင်းသွားတော့မလို့လား "
" ဟုတ်တယ်မာမီ ဘာလ်ို့လဲ "
ထိုစဉ် အိမ်ရှေ့သို့ ကားတစ်စီးရပ်သွားပြီး ထိုကားပေါ်မှ လူတစ်ယောက် အိမ်ထဲသို့ဆင်းပြေးလာသည်။
" ဝန!! ဝနရေ ငါလာတယ် "
" ဟူးစိတ်ရှုပ်လိုက်တာ နင်ကဘာကိစ္စရောက်လာတာလဲ "
" ငါကလည်းလာချင်လို့များထင်နေလား မာမီကသွားစရာရှိလို့တဲ့ "
" အဲ့တော့ "
" သားမာမီအဲ့ကိစ္စပြောမလို့ပဲ မာမီ့သူငယ်ချင်းက အလုပ်နဲ့ခရီးသွားစရာရှိလို့ သားကပဲကျောင်းသွားရင်သမီးလေးကိုခေါ်သွားပေးဖို့ အကူညီတောင်းတာသား "
" ဗျာ မာမီကလည်းဗျာ အိမ်ကdriverနဲ့ပို့ခိုင်းလိုက်ပေါ့ဗျာ "
" သားကလည်းသားတစါယောက်တည်းပဲဟာ ခေါ်သွားလိုက်ပါကွယ် "
" အန်တီ့သားကတစ်ယောက်တည်းမဟုတ်လို့နေမှာပေါ့ "
" ဘာ ငွေရီချို!! "
" ဟုတ်လားသား တစ်ယောက်တည်းသွားတာမဟုတ်ဘူးလား ဘယ်သူ့ကိုခေါ်သေးလို့လဲ "
" ကျွန်တော့်သူငယ်ချင်းကိုပတ်ခေါ်သေးတာအဲ့ဒါကြောင့်ပါ "
" မိန်းကလေးလား ယောကျာ်းလေးလား ရုတ်ရုတ်ရုတ်ရုတ်တော့မလုပ်နဲ့နော်သား မာမီစိတ်မချဘူး "
" မလုပ်ပါဘူးမာမီရာ စိတ်ချပါ ခုကဘာလဲ လိုက်မှာလား လိုက်မယ်ဆိုလည်း သွားမယ် နောက်ကျနေပြီ "
" အေးပါအေးပါ သွားမယ် အန်တီသွားပြီနော် ဘိုင့် "
" ဟုတ်ပြီသမီးလေး ဖြည်းဖြည်းသွားကြနော် "
ဝူးး ခွန်မင်းဝနပိုင် သဲသဲကိုသွားခေါ်ဖို့နောက်ကျနေပြီမို့ အမြန်မောင်းထွက်သွားလိုက်လေသည်။ ကျန်ခဲ့တဲ့ဒေါ်နှင်းသက်ပိုင်အနာ့သို့ ခင်ပွန်းဖြစ်သူဦးခွန်နေအောင်ရောက်လာကာ
" မိန်းမ ဘာတေဒီလောက်ကြည့်နေတာလဲ သားတို့သွားပြီမလား "
" အင်းသားတို့ကထွက်သွားပြီယောကျာ်းရဲ့...ယောကျာ်း သားနဲ့သမီးကလိုက်ဖက်တယ်နော် "

YOU ARE READING
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤(ရပ်နား)
RomanceOwn Creation Normal oc uni တတ်ရင်းတွေ့ဆုံခဲ့ကျတဲ့ သူတို့နှစ်ဦးကြားကချစ်ခြင်းတရား.....ကံကြမ္မာရဲ့လှည့်ဖြားမှုတေကြောင့် ချစ်သူနှစ်ဦးဝေးကွာခဲ့ကြပြီး..........၆နှစ်ကြာတော့ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာသောအခါ.......... ဖတ်ပေးကြပါအုန်းနော်။❤ Update တော့မမ...