U
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ♥️
Ep 20နှစ်ရက်လောက်အိမ်မှာကပ်နေပြီး တစ်ခါတလေတော့မေမေနဲ့အန်တီဝါဝါအိမ်သို့ လိုက်သွားသည်။ အန်တီကနေပြန်ကောင်းပေမယ့် အပြည့်အဝတော့မဟုတ်ပေ။ ခြေထောက်ထိခိုက်ထားတာမို့ မေမေက အစားအသောက်ကအစ အကုန်တာဝန်ယူပေးနေရသည်။ အရင်းနှီးဆံုးသူငယ်ချင်းလည်းဖြစ်တာမို့ပင်။ အန်တီက သူမကိုအဖော်ပြုပေးမယ့်သူ တစ်ယောက်မှ မရှိသောကြောင့် မေမေက ကူညီနေခြင်းပင်။ သဲလည်း စာမေးပွဲပြီးမှပဲ လိုက်သွားပြီး ကူညီပေးဖြစ်တော့သည်။
" အန်တီဝါဝါ မနက်စာစားပြီးသွားပြီမို့ ရေသောက်လိုက်ဦးနော် သဲသဲခပ်ပေးထားတယ် "
" ကျေးဇူးပါသမီးရေ...နင်တို့သားအမိကို ငါတကယ်အားနာတယ်ဟယ် "
" ပြောဖို့လိုလို့လားဝါဝါရယ် နင်နဲ့ငါနဲ့က ညီအစ်မလိုတောင်ဖြစ်နေပြီ အားနာမနေပါနဲ့ "
" သမီး နက်ဖြန်ခရီးသွားကြမှာဆို ကျောင်းအဖွဲ့နဲ့ "
" ဟုတ်တယ်အန်တီဝါဝါရဲ့ ကလောမြို့ကိုတဲ့ သမီးမရောက်ဖူးသေးလို့ ပျော်တယ် ဟီးးး "
" အေးပါအေးပါ ပျော်ခဲ့နော် "
" ဟုတ် "
" နက်ဖြန်သွားရမှာမလား သမီး အဝတ်တေရောထည့်ပြီးပြီလား "
" ရတယ်မေမေ ညနေအိမ်ပြန်တော့မှတစ်ခါတည်း ထည့်လိုက်မယ် "
" ဟုတ်ပါပြီ...ဝါဝါကိုကြည့်ထားဦးနော် မေမေ နေ့လည်စာပြင်လိုက်ဦးမယ် ပြီးရင်ခေါ်လိုက်မယ် "
" ဟုတ်မေမေ စိတ်ချပါ "
" အမလေး နင်လုပ်တာနဲ့ပဲ ငါငယ်မူပြန်နေသလိုပဲဟယ် "
" ဟားဟား အန်တီကလည်း "
" အေးဟေ့ နင်က ကလေးထက် ပိုဆိုးနေတာကို အခုတောင်ရှပ်ပြာရှပ်ပြာနဲ့ ဖြစ်တာမလား "
" ဟာ နင်ကလည်း ကလေးရှေ့မှာ ငါ့ကပဲအရမ်းဆိုးနေသဘိုမျိုးကြီး တွေ့လားသမီးသဲသဲ အန်တီကိုဆိုပြောဖို့ကြီးပဲ သမီးမေမေက "
" ဟုတ်သားပဲမေမေကလည်း အန်တီကလိမ္မာပါတယ် "
" ဟာ ဘာလဲ သမီးကပါ အန်တီကို ရှပ်ပြာရှပ်ပြာထင်နေတာလား အခုကမတော်လို့ဖြစ်သွားတာပါနော် ဟွန့် "

YOU ARE READING
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤(ရပ်နား)
RomanceOwn Creation Normal oc uni တတ်ရင်းတွေ့ဆုံခဲ့ကျတဲ့ သူတို့နှစ်ဦးကြားကချစ်ခြင်းတရား.....ကံကြမ္မာရဲ့လှည့်ဖြားမှုတေကြောင့် ချစ်သူနှစ်ဦးဝေးကွာခဲ့ကြပြီး..........၆နှစ်ကြာတော့ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာသောအခါ.......... ဖတ်ပေးကြပါအုန်းနော်။❤ Update တော့မမ...