U
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤️
Ep28စိတ်ထဲဘာမှမစဉ်းစားချင်တော့တာကြောင့်ရော ပြီးတော့ကိုယ်အရမ်းချစ်ရတဲ့ချစ်သူဖြစ်တာကြောင့်ရော သူ့ပြောစကားတွေကို တစ်ခါလောက်ယံုကြည်လိုက်ပါ့မယ်။ သို့နှင့်နှစ်ယောက်သား နဂိုအတိုင်းကျောင်းသွားကျောင်းပြန် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြသော်လည်း မတည်မြဲခြင်းကအစပြုခဲ့လေသည်။
ဒုတိယနှစ်ပြီးပြီးသွားသောအခါ ခွန်မင်းဝနပိုင်ကသူ့အဖေနဲ့အလုပ်ကိစ္စနဲ့အမေရိကားသို့ ခရီးသွားနေစဉ် သဲသဲကလည်းအချိန်ပိုင်းအလုပ်တွေပြန်လုပ်နေတာပြီး အလုပ်ရှုပ်နေကြသောကြောင့် နှစ်ယောက်သားသံုးရက်လောက်အဆက်သွယ်ပြတ်သွားခဲ့လေသည်။ တစ်နေ့မှာ သဲသဲကိုခွန့်မာမီဆိုတဲ့အန်တီတစ်ယောက်က သဲသဲကိုခေါ်တွေ့လေသည်။ သဲလည်းခွန့်မာမီချိန်းထားတဲ့ကော်ဖီဆိုင်ကို သွားခဲ့သည်။ ကော်ဖီဆိုင်ရှေ့မှာသဲသဲတစ်ယောက် စိတ်လှုပ်ရှားနေတာကို မနည်းထိန်းနေရသည်။ ကော်ဖီဆိုင်ထဲဝင်သွားလိုက်သောအခါ ရှာစရာမလိုလောက်အောက်ကို ချမ်းသာသည့်ဂုဏ်ရှိန်ဂုဏ်ဝါတို့ဖြင့် ပြည့်နှက်နေသည့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်လေသည်။ သဲသဲထိုအမျိုးသမီးကြီးဆီသို့ လျှောက်သွားလိုက်သည်။
" မင်္ဂလာပါအန်တီ "
" ထိုင်ပါ...သဲနှင်းဖြူနော် ဟုတ်တယ်မလား "
" ဟုတ်ပါတယ်အန်တီ သဲကိုတွေ့ချင်တာဘာကိစ္စရှိလို့ပါလဲ "
" အန်တီမင်းကိုခေါ်တွေ့ရတဲ့ကိစ္စကို ခန့်မှန်းမိမလားတော့မသိဘူး...အန်တီ့သားနဲ့လမ်းခွဲပေးဖို့ပါ "
ဒီလိုဖြစ်လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ တုန်လှုပ်နေသည့်စိတ်ကိုတင်းထားလိုက်ရင်း
" ဘာလို့များလဲအန်တီ သဲ ခွန့်ကိုလမ်းမခွဲပေးနိုင်ပါဘူး "
" ဒီလိုသိနေလို့ပေါ့ကွယ် မင်းအန်တီ့သားကိုဘာကြောင့်သဘောကျရတာလဲ ငွေကြောင့်လား အန်တီပေးနိုင်တယ် အန်တီတို့ဘယ်လာက်ချမ်းသာလည်းဆိုတာ သိမယ်ထင်တယ် "
" ဒီမှာအန်တီသဲ ခွန့်ကိုချစ်ခဲ့တာငွေကြေးကြောင့် လံုးဝမသက်ဆိုင်ပါဘူး အန်တီဒီလိုမျိုး သဲကိုလာပြီး လမ်းခွဲခိုင်းတာ သူရောသိရဲ့လား သူဘယ်လောက်သဲကိုစွဲလမ်းပြီးချစ်နေသလဲဆိုတာ အန်တီသိရဲ့လား "

YOU ARE READING
တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤(ရပ်နား)
RomanceOwn Creation Normal oc uni တတ်ရင်းတွေ့ဆုံခဲ့ကျတဲ့ သူတို့နှစ်ဦးကြားကချစ်ခြင်းတရား.....ကံကြမ္မာရဲ့လှည့်ဖြားမှုတေကြောင့် ချစ်သူနှစ်ဦးဝေးကွာခဲ့ကြပြီး..........၆နှစ်ကြာတော့ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာသောအခါ.......... ဖတ်ပေးကြပါအုန်းနော်။❤ Update တော့မမ...