Ep 27☘️(U/Z)

154 6 4
                                    

U

တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤️
Ep27

အဝတ်အစားတွေလဲပြီးသွားသောအခါ မေမေနဲ့ဒီနေ့တစ်နေ့လံုးလျှောက်သွားဖို့ အစီအစဉ်လေးစတင်ခဲ့ပါသည်။ နှစ်ယောက်သား သဲသဲအလုပ်လုပ်တဲ့ကော်ဖီဆိုင်သို့ အရင်ဆံုးသွားခဲ့ကြသည်။ ဆိုင်ထဲသို့ရောက်တာနဲ့

" ဟေး သဲသဲ အလုပ်လာတာလား "

" ဟဲဟဲ ဒီနေ့သဲရက်မဟုတ်ဘူးလေ ဟီး "

" ဟုတ်ပါပြီ "

" မေမေလာဝင်ခဲ့လေ "

" အော်သဲသဲအမေလား တွေ့ရတာဝမ်းသာပါတယ်နော်အန်တီ သမီးနာမည်ကမြခက်ပန်ပါ "

" အန်တီလည်းဝမ်းသာပါတယ်ကွယ် အန်တီနာမည်က ဖြူစင်သဲပါ "

" ဟုတ်ကဲ့ ဒါနဲ့အန်တီကတော်တော်နုပျိုတာပဲ သဲသဲအမေလို့တောင်မထင်လိုက်ဘူး "

" သမီးကတော့နောက်ပြီကွယ် "

" မနောက်ပါဘူးအန်တီရဲ့ ကဲလာလာ သဲအန်တီကိုခေါ်သွားလေ ကြိုက်တာမှာစား မမရှင်းမယ် "

" ဟာမဟုတ်တာမမရဲ့ သဲကဒီနေ့ဧည့်သည်လာလုပ်တာလေ "

" အမလေး မမရဲ့ဧည့်သည်လေ မမရှင်းမှာပေါ့ ဟေ့ ဒီကိုမုန့်တေချပေးလိုက်ပြီးတော့ ဘာသောက်မလဲသေချာမေးဦး "

" မလုပ်ပါနဲ့သမီးရယ် အားနာစရာကြီးကွယ် "

" ရပါတယ်အန်တီရဲ့ သဲသဲကသမီးရဲ့ညီမလိုပဲလေ "

" ဟီးဟုတ်တယ် မမနဲ့သဲကညီအစ်မတွေ "

" အဲ့ဒါဆိုရင် မမလည်းမေမေလို့ခေါ်လို့ရတယ်မလား "

" ရပါပေါ့မမရဲ့ နော်မေမေ "

" ရတာပေါ့သမီးရယ် သမီးကခုမေမေ့သမီးဖြစ်သွားပြီနော် "

" ဟုတ် ကျေးဇူးတင်ပါတယ် မေ မေမေ "

" အာရီးဂူး ဘာလို့မျက်ရည်တွေဝဲနေတာလဲမမရာ "

" ဒါကပထမဆံုးမမမှာ အမေရှိလာတာဆိုတော့ ပျော်သွားလို့ပါ ဟီး "

" သမီးရယ်......အခုကစပြီး မေမေ့မှာသမီးနှစ်ယောက်ရှိသွားတဲ့ အထိမ်းအမှတ်အနေနဲ့ သမီးပါမေမေတို့နဲ့အတူတူမုန့်လာစားလေနော် "

တို့နှစ်ယောက်ကြားက ချစ်မေတ္တာ❤(ရပ်နား)Where stories live. Discover now