ပျော်စရာ ရှိရင် ဖြစ်စေ၊ ဝမ်းနည်းစရာ ရှိရင် ဖြစ်စေ ဒီလူကို သူ သတိရလေ့ရှိတယ်။ ဘယ်လိုခေါင်းစဉ်အောက်မှ ထည့်လို့ မရခဲ့တဲ့ ဒီလူကို ဘာကြောင့် သတိရနေသလဲလို့ မေးရင် အဖြေက ရိုးရှင်းတယ်။
သူ့ရဲ့ ဝမ်းနည်းခြင်း အစိုင်အခဲတွေကို အရည်ဖျော်ချဖို့ ဖုံးကွယ်ကာ တိတ်တိတ်လေး ငိုခဲ့ဖူးတဲ့ ရင်ခွင်ပိုင်ရှင် နေလို့။ ဘယ်လိုခေါင်းစဉ်မှ တပ်စရာမလိုတဲ့ သူ့ဘဝရဲ့ ပုန်းခိုရာလေး တစ်ခုဖြစ်ခဲ့လို့ လို့ပဲ သူထင်တယ်။
ကြွယ်ဝချမ်းသာတဲ့ မိသားစုမှာ တင်းကြပ်တဲ့ ဖခင်နဲ့ ကြီးပြင်းလာတဲ့ သူ့အတွက် စိန်ခေါ်မှုတွေလည်း များခဲ့သလို၊ မြိုသိပ်ရခြင်းတွေ များခဲ့သလို ဟန်ဆောင်ခဲ့ရခြင်းတွေ များတယ်။
ဒါတွေနဲ့ ထိုက်တန်အောင် ရာထူးအာဏာ ဂုဏ်ဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာခြင်းတွေ ပိုင်ဆိုင်ရခဲ့ပေမဲ့ ဟန်ဆောင်မြိုသိပ်ခြင်းတွေနဲ့ ကင်းဝေးရာ စစ်မှန်တဲ့သူဖြစ်နိုင်တဲ့ ခဏဝာာကိုတော့ သူအမြဲ တောင်းတမိတယ်။
စစ်မှန်တဲ့သူဟာ ဒီလူ့ရဲ့ ရင်ခွင်ထဲမှာ ဖြစ်ခဲ့ဖူးတယ်။
ဟန်ဆောင်ခြင်းဟာ ဒီလူနဲ့ဆို ကင်းကွာဖူးတယ်။
မြိုသိပ်ခြင်းတွေကို ဒီလူနဲ့အတူ ရပ်တန့်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဒီလူကို စွန့်လွှတ်ခဲ့ဖူးတယ်။
စွန့်လွှတ်ခြင်းဟာ အမှန်တကယ် စွန့်လွှတ်ခြင်း မပီပြင်တော့ သူ့လက်ထဲက ဖုန်းမျက်နှာပြင်မှာ နှစ်နှစ်ကျော်ကြာ မဆက်ဖြစ်ခဲ့တဲ့ နံပါတ်ဟောင်းလေးက ဒီအတိုင်းပဲ။
စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေနဲ့ နေရာတစ်ခုအခိုင်အမာရဖို့ တိုက်ဝင်နေရတဲ့ သုံးနှစ်ကြာကာလအတွင်း မေ့မရခဲ့တဲ့ ဒီလူကို ပြန်လည်ဆက်သွယ်ဖို့ ဒီချိန်ဟာ အချိန်ကောင်းလားဆိုတာမသေချာပေမဲ့ သူ့လက်ချောင်းတွေက စိတ်ဆန္ဒအတိုင်း လှုပ်ရှားလိုက်တယ်။
Maruyama Group ရဲ့ အမှန်တကယ် အာဏာရတဲ့ ဒုက္ကဌ ဖြစ်လာတဲ့ သူ့ကိုယ်သူ ဆုချတဲ့အနေနဲ့ပေါ့။
#_#_#_#
"ဟယ်လို..."
ဖုန်းဝင်သံအဆုံး တစ်ဖက်က ဖုန်းဖြေသံကို ကြားလိုက်ရတဲ့ အချိန်မှာ သူ့ရင်ဘတ်တွေ ဗြောင်းဆန်သွားတယ်။ သူ ရေးတေးတေး မှတ်မိနေခဲ့တဲ့ ဒီလူ့အသံဟာ အရင်အတိုင်းပဲ ထင်ရတယ်။ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး သူ တုံ့ပြန့်လိုက်တယ်။ ဒီလူ့ကို သူသိတဲ့ အခေါ်အဝေါ်တစ်ခုနဲ့ပေါ့။
YOU ARE READING
The Last Flame : Love
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️