The End

184 15 18
                                    

ရယ်နေသည် ဖြစ်စေ၊ ငိုနေသည် ဖြစ်စေ။

လွမ်းနေသည် ဖြစ်စေ၊ မေ့ပျောက်ထားသည် ဖြစ်စေ။

အချိန်နာရီစက္ကန့်တွေကတော့ မပျက်မယွင်း ပုံမှန်အတိုင်း ‌ရှေ့ဆက်နေကြတာ နှစ်နှစ်နီးပါး ကာလရှိခဲ့ပြီ။ "ပြန်လာမယ်" ကတိပေးခဲ့တဲ့ ကောင်လေးကို သူ သေချာတစ်လှည့် ဇဝေဇဝါတစ်လှည့် စောင့်နေခဲ့တာလည်း နှစ်နှစ်နီးပါး ရှိပြီ။ ကောင်လေးရဲ့ အသက်ရှူသံတွေ၊ ကောင်လေးရဲ့ အငွေ့အသက်တွေနဲ့ ကောင်လေးရဲ့ အရာရာကို သူ မှတ်မိနေခဲ့တာက မနေ့တနေ့က လိုပဲ။

အဆက်အသွယ်မရှိခဲ့တဲ့ နှစ်နှစ်နီးပါးလုံး တစ်ရက်မပျက် လွမ်းခဲ့ရတဲ့ ကောင်လေးကို ဒီနေ့ မနက်‌တော့ ပိုလွမ်းမိတယ်။ ပြီးခဲ့တဲ့နှစ် ဒီနေ့လို နေ့မျိုးမှာလည်း သူ ပိုလွမ်းဖူးခဲ့တာပဲ။

ဒီနေ့လိုနေ့ဆိုတာ ထူးထူးခြားခြားတော့ မဟုတ်။ နှစ်စဉ်သွားနေကျ ဈေးရောင်းပွဲမှာ သွားရောက်ရောင်းချမဲ့နေ့။ တနည်းပြောရရင် ကောင်လေးနဲ့ အတူတူ ဈေးရောင်းပွဲမှာ တနေကုန်နေခဲ့တဲ့နေ့။ ဦးလေး Teng ရဲ့ ကုန်တင်ကားနောက်မှာ တူတူ ထိုင်စီးဖူးတဲ့နေ့။ ည‌ဈေးတန်းကို တူတူသွားဖူးတဲ့နေ့။

"Lin ZiHong... မင်း ရှေ့မှာ မထိုင်ဘူးလား"

ကားထွက်ခါနီး မေးလာတဲ့ ဦးလေး Teng ကို သူ ပြုံးခါ ခေါင်းခါပြလိုက်တယ်။

"ကျွန်တော် ဒီမှာပဲ... ထိုင်တော့မယ်"

စကားပြောဖော်လိုချင်တဲ့ ဦးလေး Teng ကတော့ သိပ်မကျေနပ်ချင်မှန်း သိပေမဲ့ သူမသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ဒီနေ့လေးတော့ Yang YuTeng နဲ့ မျက်နှာချင်းဆိုင် ထိုင်ဖူးတဲ့ ဒီနေရာလေးမှာ တစ်ယောက်တည်းထိုင်ရင်း လွမ်းချင်သေးတယ်။

#_#_#_#

မနက်ခင်း‌အစော ထွက်လာတာမို့ နှစ်လမ်းသွားကားလမ်းမဟာ ရှင်းနေတယ်။ လူစည်ကားရာ မြို့ထဲမရောက်သေးပဲ သူတို့စိုက်ပျိုးရေး ခြံတွေနဲ့ သိပ်မဝေးသေးတာကြောင့် ရှုပ်ရှုပ်ယှက်ယှက် မဖြစ်သေးတဲ့ မြင်ကွင်းက ငေးချင်စရာကောင်းတယ်။

ထိုစဉ် မြင်ကွင်းထဲ ဖြတ်သွားတဲ့ ဆန့်ကျင်ဘက်လားရာလမ်းကြောင်းက အမဲရောင်ကားထဲမှာ မြင်လိုက်ရတာ သူ့ကောင်လေး Yang YuTeng လား။ ဒါမှမဟုတ် သူ အမြင်မှားတာလား။

The Last Flame : LoveWhere stories live. Discover now