နောက်ဆုံး အလွှာဖြစ်တဲ့ Coat နက်ပြာရောင်ကို လွှားခနဲ ဝတ်လိုက်ပြီး လိုက်ဖက်တဲ့ လက်ပတ်နာရီ ရွေးဖို့ လုပ်နေတဲ့ သူ့ရဲ့ အမြင်အာရုံကို ဟိုလူကျန်ခဲ့တဲ့ Business Card လေးက ဖမ်းစားပြန်တယ်။
လွန်ခဲ့တဲ့ နှစ်တွေက ဖုန်း contact လေး တစ်ခု ချန်ခဲ့တဲ့ ဒီလူက အခုတော့ Business Card တစ်ခုကို ချန်ခဲ့ပြန်ပြီ။ ဒီလူက ချန်ခဲ့တာလား သူက သိမ်းမိတာလားလို့ သူ့ကိုယ်သူ မေးမိပြန်တဲ့အခါ အဖြေမထွက်ပေမဲ့ သက်ပြင်း ခပ်ဖွဖွ ချရတယ်။
သင့်တော်တဲ့ လက်ပတ်နာရီ တစ်လုံးကို ကောက်ဝတ်ပြီး မျက်စိရှေ့က Business Card ကိုပါ သူ့အိတ်ကပ်ထဲ ကောက်ထည့်ခဲ့တယ်။
လက်ရှိတော့ သူဟာ အရှိန်အဝါရှိတဲ့ အထက်လူကြီးတစ်ယောက်အဖြစ် လူအမျိုးမျိုး စိတ်အထွေထွေကို အုပ်ချုပ်ရဦးမယ်။
#_#_#_#
ဖုန်းသံကြောင့် မြေဩဇာစပ်လက်စကို ရပ်ကာ လက်အိတ်ကို ချွတ်ပြီး ထုတ်ကိုင်လိုက်တယ်။
"ဟယ်လို..."
"..."
"ဟုတ်ပါတယ်"
"..."
"ခဏလေးပါ... ဒီဖုန်းကို ဘယ်လိုရတာလဲ"
သူ မေးမှ ဖြစ်တော့မယ်။ ဒီလိုဖုန်းတွေ လာနေတာ နှစ်ရက်ရှိပြီ။ တစ်နိုင်တစ်ပိုင် စိုက်ခင်းလေးနဲ့ စားသောက်ဆိုင်ငယ်တွေကို ဟင်းသီးဟင်းရွက် သွင်းနေတဲ့ သူ့လိုလူဆီ သူတစ်ခါမှတောင် မရောက်ဖူးတဲ့ စားသောက်ဆိုင်ကြီးတွေက ဟင်းသီးဟင်းရွက် လာသွင်းကြည့်ဖို့ ကမ်းလှမ်းတဲ့ ဖုန်းတွေ ဝင်လာတာကို သူအဖြေရှာမရ ဖြစ်နေပြီ။ သူ မရောက်ဖူးတဲ့ စားသောက်ဆိုင်ကြီးတွေဆီ ဒီဖုန်းက ဘယ်လိုရောက်ရသလဲ သူမေးမှ ဖြစ်တော့မယ်။
"ဟုတ်ကဲ့ပါ... ဒါဆို ဆိုင်လိပ်စာလေး ပေးမယ်ဆို ကျွန်တော် လာခဲ့ပါ့မယ်"
တစ်ဖက်က ပြန်ဖြေလာတဲ့ အထက်လူကြီးက recommend ပေးလာလို့ဆိုတဲ့ စကားကြောင့် လောလောဆယ်တော့ ဆိုင်လိပ်စာပဲ တောင်းလိုက်တယ်။
စိုက်ခင်းငယ်လေးတွေသာ ပိုင်တဲ့သူ့အတွက် မနိုင်ဝန်မထမ်းချင်တာကြောင့် မတိုင်ခင် ဆက်တဲ့သုံးဆိုင်ကို ငြင်းခဲ့ပေမဲ့ လေးဆိုင်မြောက် ဒီဖုန်းကိုတော့ သူ စနည်းနာဖို့ လက်ခံလိုက်ပြီ။
YOU ARE READING
The Last Flame : Love
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️