မျက်စိရှေ့က အေးစက်နေတဲ့ ထမင်းကို ပါးစပ်ထဲ ဝင်နိုင်သလောက် ထိုးထည့်လိုက်တယ်။ ထမင်းနင်တာလား ရင်ထဲက တစ်စို့နေတာလား မသဲကွဲတဲ့အခါ အေးစက်နေတဲ့ ဟင်းချိုကို တစ်ဇွန်း ခပ်ပြီး ထပ်မျှောချမိတယ်။
"အဟွပ်... အဟွပ်"
နင်တာကို ဟင်းချို သောက်လို့ ထပ်သီးတဲ့အဆုံး ဘာတွေ လုပ်နေမိမှန်း မသိတဲ့ သူ့ကိုယ်သူသာ ခြောက်ကပ်ကပ် လှောင်ရယ်လိုက်တော့တယ်။
မျက်ဝန်းတွေက စိုနေပေမဲ့ သူ မငိုဘူး။ ငိုစရာအကြောင်းလည်း မရှိဘူး။ Yang YuTeng က သူ့လို သာမန်လူမှ မဟုတ်တာ။ လူအများကြီးကို အုပ်ချုပ်နေရတဲ့သူပဲ။ ချိန်ထားတိုင်း မပျက်မကွက် လာမယ်လို့တော့ ဘယ်တွေးထားလို့ ရနိုင်မလဲ။ ပြီးတော့ သူက Yang YuTeng ဘဝမှာ ဘယ်လောက် အရေးပါနိုင်မှာမို့လဲ။ ဘာမှမဟုတ်တာလဲ ဖြစ်နိုင်တာပဲလေ။
ဒါပေမဲ့...။ ဒါတွေကို သူသိပေမဲ့ တစ်ခါတလေတော့လည်း လောဘတက်မိတယ်။ ကောင်လေးနဲ့အတူ တစ်ညတာကုန်ခဲ့ပြီးကတည်းက သိသိသာသာ သူ့အပေါ် အရေးပေးလာတဲ့ ကောင်လေးရဲ့ အပြုအမူတွေကို သူ လိုရာ ဆွဲတွေးခဲ့ဖူးတယ်။
အရေးကိစ္စလေး ရှိလို့ မလာတော့ကြောင်း စာမရခင်အထိ သူ စိတ်ကူးတွေ အများကြီး ယဉ်ခဲ့ဖူးတယ်။ ကောင်လေးရဲ့ အရေးပေးမှုကို သာယာပြီး ဘဝမေ့တဲ့သူဟာ ရူးမိုက်စွာ အူမြူးနေဖူးတယ်။
ပါးစပ်ထဲ ထည့်နေမိတဲ့ ထမင်းနဲ့ ဟင်းရဲ့ အရသာဟာ ဘာမှန်း မသိ။ ကောင်လေးမပါတဲ့ သူ့ထမင်းဝိုင်းဟာ ပုံမှန်ပဲဆိုတာကို ကိုယ်ကိုယ်ကို လက်ခံနိုင်ဖို့ စားနေရုံ သပ်သပ်ပဲ။
#_#_#_#
ဖုန်းသံကြောင့် နိုးလာတဲ့ သူက ခေါင်းထောင်လိုက်တာနဲ့ ကိုက်ခဲနေတာကို ခံစားရတယ်။ Lin ZiHong နဲ့ ဖွင့်မဲ့ ဝိုင်ကို တစ်ယောက်တည်း မိုးလင်းပေါက် သောက်ခဲ့တာကြောင့်ဖြစ်မယ်။ လူကလည်း အိပ်ယာပေါ် မရောက် ဆိုဖာပေါ်တင် ဘယ်ချိန် အိပ်ပျော်သွားခဲ့လဲ မသိ။
ဖုန်းသံလာကို လိုက်ရှာပြီး ဖုန်းကို ကိုင်တော့ ဖခင်ဖြစ်သူရဲ့ ဖုန်း။ ဘာကြောင့် ဆက်တယ်ဆိုတာကို သူ ရိပ်မိသလိုလို ရှိတာကြောင့် သူ သက်ပြင်းတစ်ချက် အရင်ချလိုက်တယ်။
YOU ARE READING
The Last Flame : Love
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️