🎄1

1.1K 77 42
                                    

Unicode below

Zawgyi

♫︎ Santa, tell me if you're really there ~

Don't make me fall in love again

If he won't be here next year ♫︎

♫︎ Santa, tell me if he really cares ~

'Cause I can't give it all away

If he won't be here next year ♫︎

Feeling Christmas all around ~

And I'm trying to play it cool

But it's hard to focus when I see him

walking around the room ~ ♫︎

Ariana Grande ၏ Santa Tell Me သီချင်းသံက လေထုထဲ ပျံ့လွင့်နေသည် ။ ချမ်းအေးလှပါသည့် ဒီဇင်ဘာ၏ ခရစ္စမတ်အချိန်အခါဖြစ်သည့်အလျောက် နေရာတိုင်းတွင် အနီနှင့်အစိမ်း ခရစ္စမတ်အပြင်အဆင်များဖြင့် လှပနေသည် ။ နေရာအနှံ့တွင်လည်း ခရစ္စမတ်သီချင်းများ ပျံ့လွင့်နေကာ လူတိုင်း၏ Christmas Spirit များသည် ပျော်ရွှင်မြူးထူးစွာဖြင့် နေရာအနှံ့ကူးလူးသွားလာလျက် ရှိပေသည် ။ ဆောင်းလေပြင်းပြင်းတိုက်လိုက်တိုင်း ရိုဗန်နီယာမီ (Rovaniami)၏ လမ်းမကျယ်များဘေးတွင် နှင်းလုံးပေါက်တမ်း ကစားနေကြသည့် ကလေးများသည် ဒါ Jack Frost ပဲဟု​ အချင်းချင်း အော်ပြော​နေကြသည် ။

ရိုဗန်နီယာမီ ။ Finland နိုင်ငံမြောက်ပိုင်းရှိ Lapland ​ဒေသ၏ မြို့တော်ဖြစ်သည် ။ Santa Claus ၏ မွေးရပ်မြေဟုလည်း လူသိများကြသည် ။ ရိုဗန်နီယာမီတွင် လည်ပတ်စရာ Santa Village နှင့် ပန်းခြံများ ၊ Museum များအပြင် အထူးဆွဲဆောင်မှုအနေဖြင့် Northern Lights ဟု လူသိများသည့် Aurora ပါ ကြည့်နိုင်သည်လေ ။ ဒါကြောင့် ရိုဗန်နီယာမီတွင် အထူးသဖြင့် ခရစ္စမတ်ကာလမှာ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားနေလေ့ရှိသည် ။

ရိုဗန်နီယာမီ၏ ဘယ်​တော့မှ ရိုးမသွားသည့် ခရစ္စမတ်အပြင်အဆင်လေးများဖြင့် အလှဆင်ထားသည့် လူရှင်းပြီး နွေးနွေးထွေးထွေးရှိလှသည့် ကော်ဖီဆိုင်လေးတစ်ဆိုင်အတွင်းတွင်တော့ ထယ်ယောင်းတစ်ယောက် မျက်လုံးလေးကိုမှိတ်ကာ တစ်ခုခုကို အလေးအနက် အာရုံပြုလျက်ရှိသည် ။

သူထိုင်နေသည့် ထောင့်ကျကျစားပွဲလေးပေါ်တွင်တော့ သောက်လက်စကော်ဖီတစ်ခွက်နှင့်အတူ စားပွဲပေါ်ဖြန့်ခင်းထားသည့် ငါးထောင့်ကြယ်သင်္ကေတရှိသည့် အနက်ရောင်ပိတ်စလေးတစ်စ ။ ထိုပိတ်စလေးပေါ်မှ တားရော့ကတ်ကလေးများကား ငြိမ်ငြိမ်သက်သက် ။ ထိုအချိန်တွင် ကော်ဖီဆိုင်တံခါးတွင်တပ်ထားသည့် ခေါင်းလောင်းလေးက တံခါးအဖွင့်အပိတ်ကြောင့် မြည်သွားပြန်သည် ။

Miracle In December || V x OCWhere stories live. Discover now