Unicode below
Zawgyi
Aurora ကြည့်ချင်သည့် နှစ်ယောက်လုံး၏ဆန္ဒ ပြည့်သွားပြီးနောက် စကားတပြောပြောဖြင့် သူတို့ တည်းခိုခန်းဆီ ပြန်လာခဲ့ကြသည် ။ အခန်းရှေ့ရောက်တော့မှ ထယ်ယောင်းက ...
"ဒါဆို မနက်ဖြန်အစီအစဉ်က Reindeer တွေနဲ့ Husky တွေ သွားကြည့်မယ် ။ ပြီးရင် Santa Park ကို ဆက်သွားကြမယ် ။"
ဂျာရင်းမ်က ပြုံးကာ ခေါင်းညိတ်သည် ။
"အင်း ... ပြီးတော့လေ အစားအသောက်က ဒီမှာ သိပ်အရသာမရှိဘူး ။ မနက်စာကို ဘယ်မှာစားကြမလဲ ?"
ထယ်ယောင်းက ခဏစဉ်းစားလိုက်ပြီးမှ ...
"ကျွန်တော် Google မှာ ရှာကြည့်ထားတာတော့ မြို့ထဲမှာ နာမည်ကြီးတဲ့ ကော်ဖီဆိုင်ရှိတယ်တဲ့ ။ မနက်စာကို အဲ့မှာ သွားစားကြတာပေါ့ ။ မနက်စာစားပြီးရင် မြို့ထဲလည်း ခဏလျှောက်ပတ်လို့ရတယ်လေ ။"
ဂျာရင်းမ်က ထယ်ယောင်း၏အစီအစဉ်ကို သဘောကျသွားသည် ။
"အင်း ... အပြန်ကျရင် အရင်တည်းတဲ့ ဟိုတယ်နားမှာ Church ရှိတယ်လို့ Google မှာတွေ့ထားတယ် ။ Rovaniemi Church တဲ့ ။ အဲ့လည်း သွားရအောင် ။"
ဂျာရင်းမ်၏ စကားကို ထယ်ယောင်းက မဆိုင်းမတွပင် သဘောတူကာ ပြောလိုက်သည် ။
"အင်း ... သွားတာပေါ့ ။ နီးပါတယ် ။"
ဂျာရင်းမ်ကတော့ ထယ်ယောင်း၏ လိုက်လျောညီထွေဖြစ်မှုကို စိတ်ထဲကနေ သဘောကျပြီးရင်းကျနေတော့သည် ။ အိုပါးသာဆို မျက်မှောင်ကြီးကျုံ့ပြီး အရင်ငြင်းမှာလေ ။ ထယ်ယောင်းကတော့ တစ်နေကုန် အတူရှိနေတဲ့တစ်လျှောက် သူမ သတိထားမိတာက ရုပ်ရည်ပိုင်းရော ၊ စိတ်ဓာတ်ပိုင်းပါ အိုပါးထက် အစစအရာရာသာလှသည်ကိုပင် ။ Universe က သူမကို အစားပြန်ပေးသည်က အရည်အသွေးကောင်းလှသည် ။ ဂျာရင်းမ်က ထိုအတွေးနဲ့အတူ ကျေနပ်စွာ ပြုံးလိုက်မိကာ ...
"ဒီနေ့ အရမ်းပျော်ခဲ့ရပါတယ် ။ ကျေးဇူးတင်ပါတယ် ထယ်ယောင်း-ရှီ ... ။"
ထယ်ယောင်းကလည်း ကြည်နူးစွာ ပြန်ပြုံးပြရင်း ...
"ကျွန်တော်ရောပါပဲ ။ ကောင်းကောင်းအိပ်ပါ ။ မနက်ကျတွေ့မယ် ။"
YOU ARE READING
Miracle In December || V x OC
FanfictionDecember က မင်းအတွက် ဘာတွေများ ယူဆောင်လာလိမ့်မလဲ ? December က မင်းအတွက် ဘာတွေများ ယူဆောင်လာလိမ့်မလဲ ? Kim Tae Hyung x OC Both Zawgyi and Unicode available ! 30th December, 2021 Happy Birthday Kim Tae Hyung 💜 𝐌𝐨𝐬𝐭 𝐢𝐦𝐩𝐫𝐞𝐬𝐬𝐢𝐯𝐞 𝐫𝐚𝐧𝐤𝐢...