Unicode below
Zawgyi
ဟိုတယ်တွင် ရေပူဖြင့် ရေမိုးချိုးအဝတ်အစားလဲပြီးနောက် ထယ်ယောင်း သူတည်းသည့် အခန်းတွင် ထုတ်ထားသည့် ဝရန်တာဘက်ကို ထွက်ခဲ့လိုက်သည် ။ ဒီဟိုတယ်က နှစ်ထပ်ဖြစ်ကာ အပေါ်ထပ်က အခန်းတိုင်းမှာ ထူးထူးခြားခြား ဝရန်တာကိုယ်စီ ပါလေသည် ။
ထယ်ယောင်းက ညစာကို ထွေထွေထူးထူး စားချင်စိတ်မရှိတာကြောင့် အခန်းထဲမှာရှိတဲ့ Ready made ခေါက်ဆွဲဘူးဖြင့်သာ ညစာကို ဖြေရှင်းလိုက်သည် ။ ခေါက်ဆွဲပြုတ်စားပြီး ခံတွင်းချဉ်နေသည်မို့ ဆေးလိပ်လေးသောက်ရင်း ဝရန်တာကနေ ညကောင်းကင်အား မော့ကြည့်လိုက်မိပါ၏ ။ သူ့ဆီမှ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များသည် ကြယ်ကလေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် အလှဆင်ထားသည့် ညကောင်းကင်မည်းမည်းပေါ်သို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်ရသည်မှာ အထီးကျန်စရာကောင်းလှသည်ဟု သူတွေးမိသည် ။ တကယ်က အသည်းကွဲနေ၍သာ အရာရာက အထီးကျန်စရာကောင်းနေသည်လားမသိပါ ။ ခုနက ခေါက်ဆွဲပြုတ်စားတော့လည်း အထီးကျန်သည့်အရသာကိုရသည် ။ ဆေးလိပ်သောက်တော့လည်း ဆေးလိပ်အရသာကပါ အထီးကျန်နေသလိုလို ။ ဒီနှစ် ခရစ္စမတ်ကို သူအလာချင်ဆုံးနေရာမှာ အခုလို တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းရလိမ့်မည်ဟု သူ တစ်ခါမှမတွေးထားခဲ့ဖူးပေ ။
အထီးကျန်စွာ ကောင်းကင်ပြင်ကို အကြောင်းမဲ့ ငေးကြည့်နေရင်းက သူ့အကြည့်က မြင်ကွင်းတစ်ဆုံး ဖွေးဖွေးဆွတ်နေသည့် နှင်းများဖြင့်အလှဆင်ထားသည့် ပတ်ဝန်းကျင်ဆီ ရောက်သွားသည့်အခါ ထယ်ယောင်းသည် သက်ပြင်းလေးလေးကို ထပ်ချလိုက်မိပြန်ပါသည် ။ ဒီခရီးကို သူဘယ်လောက်တောင် မျှော်လင့်ခဲ့ရလဲ ။ ပြီးခဲ့တဲ့ နိုဝင်ဘာကတင် သူက ဘင်းနှင့် ဒီခရီးကိုအတူလာဖို့ လျှို့ဝှက်စွာ စီစဉ်ရင်း အရမ်းတက်ကြွနေခဲ့တာဖြစ်သည် ။ ဘင်းကို Surprise trip ဆိုပြီး Surprise လုပ်ဖို့ သူအရမ်းကို ကြိုးစားခဲ့တာ ။ ထယ်ယောင်းရဲ့အိပ်မက်က ချစ်သူရရင် ကောင်မလေးနဲ့အတူ Aurora ကြည့်လို့ရသည့် နိုင်ငံတစ်ခုခုဆီကို Christmas Trip လေးတစ်ခု ထွက်ချင်ခြင်းပင် ။
YOU ARE READING
Miracle In December || V x OC
FanficDecember က မင်းအတွက် ဘာတွေများ ယူဆောင်လာလိမ့်မလဲ ? December က မင်းအတွက် ဘာတွေများ ယူဆောင်လာလိမ့်မလဲ ? Kim Tae Hyung x OC Both Zawgyi and Unicode available ! 30th December, 2021 Happy Birthday Kim Tae Hyung 💜 𝐌𝐨𝐬𝐭 𝐢𝐦𝐩𝐫𝐞𝐬𝐬𝐢𝐯𝐞 𝐫𝐚𝐧𝐤𝐢...