En-1

44K 1.8K 172
                                    

Seoul University ရဲ့Basket ball ခန်းမအတွင်း မျက်နှာချင်းဆိုင်အနေအထားနဲ့ ရပ်နေကြတဲ့လူနှစ်ယောက်...

တစ်ယောက်က အမဲရောင် Headband နှင့် အဖြူရောင် Basket ball ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုသူ့ နားတွင် ငွေရောင်နားဆွဲလေးက လိုက်ဖက်စွာ တည်ရှိနေလျှက်...မျက်နှာပေါ်မှ ခပ်ထူထူမျက်ခုံးနဲ့ နှာခေါင်းထိပ်က မှည့်နက်လေးကလည်း ထင်ရှားစွာ.. အသဲပုံနှုတ်ခမ်းလေးက အနည်းငယ်ကွေးလျှက် မျက်နှာချင်းဆိုင်ကလူကို မထီမဲ့မြင်ပုံစံနှင့် စိုက်ကြည့်နေလေသည်။

နောက်တစ်ယောက်မှာ ဆံပင်ကိုအလယ်မကျ ဘေးမကျပုံစံ ခွဲထားပြီး အနက်ရောင် Basket ball ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာမှာ အမာရွှတ်ရှိရင်ရုပ်ဆိုးစေနိုင်ပေမယ့် ထိုကောင်လေးရဲ့ပါးပေါ်က အမာရွှတ်လေးကတော့ ဆွဲဆောင်မှုရှိနေသယောင်ယောင်.. Basket Ball ကို ညာဘက်လက်မှာကိုင်ပြီး တစ်ဖက်လူရဲ့အကြည့်ကို ပြန်လည်တိုက်စစ်ဆင်နေသည်။

မသိရင် တစ်ယောက်နဲ့တစ်ယောက်က စစ်မြေပြင်မှာ တွေ့နေကြတဲ့ ရန်သူတွေလိုပင်...

နှစ်ယောက်လုံးက ကျောင်းမှာ Popular ဖြစ်တဲ့အလျှောက် ဟောခန်းထဲမှာလည်း လူတွေအပြည့်...ထိုသူနှစ်ယောက်ကတော့ တတိယနှစ်ကျောင်းသား Kim Taehyung နဲ့ ပထမနှစ်ကျောင်းသား Jeon Jungkook တို့ပဲဖြစ်သည်။

ဒါက သူတို့အတွက် ပထမဆုံးထိပ်တိုက်တွေ့တဲ့ပွဲဆိုလည်းမမှားပေ။ ကျောင်းတွင်း အပျော်အားကစားပြိုင်ပွဲဆိုပေမယ့် နှစ်ယောက်လုံးရဲ့စိတ်ထဲမှာတော့ အနိုင်ရလိုစိတ်တွေပြင်းထန်နေကြသည်။ အကြောင်းကား သူတို့နှစ်ယောက်တည်းသာသိတဲ့ အပြစ်ဒဏ်ကြောင့်ဖြစ်သည်။

"ဟေး... အရှက်မကွဲချင်ရင် နောက်ဆုတ်လို့ရတယ်နော်.. တော်ကြာ ကျောင်းရဲ့ဂုဏ်ဆောင်ကျောင်းသားကြီးက Junior လေးဆီမှာ ရှုံးသွားတာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်မှာစိုးလို့ "

Jungkook ဘက်က မထီမဲ့မြင်စပြောလာသည်။Taehyung က အရင်တည်းက ကျောင်းပြိုင်ပွဲတွေပဲဖြစ်ဖြစ် တစ်ခြားကျောင်းနဲ့ပြိုင်ရတဲ့ ပွဲတွေပဲဖြစ်ဖြစ် အမြဲ အနိုင်ရတာကြောင့် ရွှဲ့ပြောလိုက်ခြင်းဖြစ်သည်။

Lövëly €nëmý(Complete)Where stories live. Discover now