En-24

16.4K 1.3K 139
                                    

G.C.F ကိုရောက်တော့ Seojoon ကို Taehyung စက်တင်လုပ်ထားတဲ့နေရာဆီ လိုက်ပြပေးသည်။

အကုန်နီးပါး ပြင်ဆင်ပြီးနေပြီး Model တစ်ချို့ကလျှောက်လမ်းမှာ လေ့ကျင့်နေကြသည်။ Taehyung လည်း အစီအစဥ်တွေကို Seojoon အား အသေးစိတ်ရှင်းပြနေသည်။

တကယ်တော့ နောက်အပတ်ဆို Show ပွဲစလို့ရပြီဆိုပေမယ့် Jungkook က Show ပွဲလုပ်မယ့်ရက်ကိုသတ်မှတ်ထားတာကြောင့် ထိုရက်ကို စောင့်နေကြခြင်းဖြစ်သည်။ အကုန်လုံးက အဆင်သင့်ဖြစ်နေကြပြီ။

Taehyung ပွဲရက်ကို ရှေ့တိုးဖို့ပြောပေမယ့် Jungkook က လက်မခံ။ ထိုအစား P.S.J ကနေအလုပ်ထွက်ပြီး G.C.F ကို လာဖို့သာပြောသည်။ Taehyung အတွက်ကျ P.S.J ဆိုတာ သူ နှစ်အတော်ကြာအလုပ်လုပ်ခဲ့တဲ့ Company ဖြစ်နေတာကြောင့် မထွက်ချင်။ သူ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အရာတွေကလည်း နည်းမှမနည်းဘဲလေ။

Seojoon က သိပ်ကြာကြာမနေဘဲ ပြန်သွားသည်။တကယ်တော့ သူ နေ့လည်ထိနေပြီး Taehyung နဲ့နေလည်စာအတူသွားစားဖို့အထိ စီစဥ်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ Taehyung ဆီက အငြင်းခံလိုက်ရတာကြောင့် စိတ်အဆင်မပြေဖြစ်ပြီး စောစောပြန်သွားတာ ဖြစ်သည်။

Taehyung ကလည်း လုပ်စရာမရှိတော့ပေမယ့် ရုံးခန်းထဲ ပြန်မလာဘဲ Jimin ရဲ့ Studio အခန်းမှာသာနေသည်။ Jungkook နဲ့နှစ်ယောက်ထဲ မရှိချင်သေးတာကြောင့်ရော Jimin ကို အဖော်ပြုပေးချင်တာကြောင့်ရော ဖြစ်သည်။ Jungkook က မကျေနပ်ပေမယ့် ဘာမှတော့ မပြောပေ။

Jungkook က သူ့အဖေ ဖုန်းခေါ်လာတာကြောင့် Studio ထဲက ထွက်သွားတော့.Jimin နဲ့ Taehyung နှစ်ယောက်တည်း ကျန်ခဲ့သည်။

"Taehyung မင်း ငါရေးထားတဲ့သီချင်းမှာ အတူဆိုချင်လား"

Jimin က ရုတ်တရက် မေးလာသည်။

"ဟမ် ဘာလို့လဲ.. ငါက Idol မှ မဟုတ်တာ.."

"ငါတို့ကာရာအိုကေသွားတိုင်း အတူဆိုနေကြပဲလေ..မင်းသီချင်းဆိုတာ ကောင်းပါတယ်..မင်းသာ Idol လုပ်မယ်ဆို ငါက မင်းရဲ့နံပါတ်တစ် Fan ပဲ"

"ဟားဟား...မြောက်နေပါပြီကွာ မင်းကလည်း"

"တကယ်ပြောတာ Taehyung...ပြီးတော့ ငါအခုရေးနေတဲ့သီချင်းက ငါနဲ့မင်းရဲ့အကြောင်းကို ရေးထားတာလေ အဲ့တာကြောင့် ငါနဲ့အတူဆိုမလားမေးတာ"

Lövëly €nëmý(Complete)Where stories live. Discover now