En-Final

28K 1.3K 216
                                    

**Warning ကလေးတွေနည်းနည်းကျော်ဖတ်ကြပါ**
.
.

Jungkook အဖေနဲ့ Jimin ရဲ့အမေမှာ စကားတက်လေး Taekuu လေးအား အရမ်းတွေ ချစ်နေကြသည်။ Jungkook အဖေကလည်း Jungkook အပေါ်မပေးမိတဲ့ နွေးထွေးမှုတွေကို Taekuu လေးအပေါ် အတိုးချပေးနေသလား အောက်မေ့ရသည်။ Taekuu လေး ပါးစပ်က လိုချင်တာ တစ်ခုခုထွက်လိုက်တာနှင့် အကုန် ဝယ်ပြစ်သည်။ ထို့ကြောင့် အိမ်မပြန်ခင်မှာတောင် လက်ဆောင်အရုပ်တွေက ပုံနေပြီ။

အစားအသောက်တွေဆိုလည်း Jimin အမေက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးသည်။ ခါတိုင်း အိမ်အကူတွေကိုလုပ်ခိုင်းတာဆိုပေမယ့် အခုတော့ သူမ ကိုယ်တိုင်ချက်သည်။

Jimin အမေမှာ Jungkook က သူမ သားအရင်း မဟုတ်ပေမယ့် ငယ်ငယ်တည်းက Jimin နည်းတူ ဂရုစိုက်ပေးခဲ့သူ။ Jungkook ဘက်ကလည်း မိထွေးဆိုပြီး အမြင်မကြည်တာတွေ ရိုင်းစိုင်းတဲ့အပြုအမူတွေ မလုပ်ဖူးခဲ့။ ထို့ကြောင့်ပဲ သူတို့ကြားမှာ ဘယ်တုန်းကမှ ပြသနာ မရှိခဲ့ပေ။

ညစာစားပြီးတဲ့ထိ Jimin အမေက Taekuu လေးကိုလက်ကမချပေ။ Busan မှာနေတုန်း Taekuu လေးကို သူတို့နဲ့သိပ်ဖို့ တောင်းဆိုလေသည်။

"Kuuငယ်ရော ဘိုးဘိုးဘွားဘွားတို့နဲ့ အတူအိပ်ချင်လား"

Jungkook မေးလိုက်တော့ Taekuu လေးက..

"ဟုတ်..ဘွားဘွားတို့က သားနဲ့အိပ်ချင်ရင် သားအိပ်ပေးမှာပါ Daddy.."

"အိုက်ဂူး လိမ္မာလိုက်တာကွယ်.."

Jimin အမေမှာ လူကြီးစကားပြောတဲ့ Taekuu လေးကို အူယားနေသည်။

"မင်းတို့က အတူအိပ်မှာမလား" Jungkook အဖေက မေးသည်။

"Hyung သဘောကရော.."

Taehyung ဘက်ကို လှည့်မေးလိုက်တဲ့ Jungkook...

"ငါက အဆင်ပြေပါတယ် ဘယ်လိုအိပ်အိပ် "

"အဲ့တာဆို ကျတော်တို့ တစ်ခန်းတည်းပဲ သုံးလိုက်တော့မယ် Appa "

"အေးအေး.."

Jungkook ခေါ်ရာနောက်ကို Taehyung လိုက်လသည်။ သူ ရင်တွေလည်း ခုန်နေသည်။ နှစ်ယောက်တည်း အတူအိပ်ရမှာဆိုတော့ Jungkook ဘက်ကတောင်းဆိုလာမှာ သေချာသည်လေ။

Lövëly €nëmý(Complete)Where stories live. Discover now