En-16

16.7K 1.4K 200
                                    

Company ရှေ့မှာ Taxi အလာကို စောင့်နေတဲ့ Taehyung... ၅နာရီထိုးပြီမို့ Taxi တွေကလည်းခရီးသည်ပါတာပဲ များနေသည်။ ထိုအချိန် သူ့ရှေ့ကိုရပ်လာတဲ့ကားတစ်စီး.. မှန်ကျလာတော့ Jungkook မျက်နှာ ပေါ်လာသည်။

"တက်...ငါလိုက်ပို့ပေးမယ် ဒီချိန် Taxi တွေ အားကြမှာ မဟုတ်ဘူး"

"ရတယ်...ငါ Bus ပဲ စီးသွားတော့မယ်"

"Bus ဂိတ်က အဝေးကြီးနော်...မင်းရဲ့ကလေး စောင့်နေရလိမ့်မယ်"

Taehyung အံ့သြလျှက်..

"မင်း..မင်း ဘယ်လိုသိတာလဲ"

"ကားပေါ်မှာ ပြောပြမယ်..အခု တက်တော့"

Taehyung သိချင်စိတ်ကြောင့်ရော ၅နာရီကျော်သွားပြီ ဖြစ်တာကြောင့်ရော ထပ်မငြင်းတော့ဘဲကားပေါ်တက်လိုက်သည်။

တက်ပြီးပြီးချင်း သူ့ဘက်ကိုလက်လှမ်းကာ ကုန်းလာတဲ့ Jungkook ကြောင့် Taehyung ကိုယ်ကို မတ်လိုက်ကာ အသက်တောင်မရှူရဲ။

"မင်း...မင်း ဘာလုပ်မလို့လဲ"

"ဒီမှာ...ခါးပတ် ပတ်ပေးတာ.."

Jungkook ထိုင်ခုံခါးပတ် ပတ်ပေးနေရင်း ပြောလိုက်သည်။

"ငါ့မှာ လက်ပါတယ်လေ..မင်းဒီတိုင်း ပြောလိုက်ပါ့လား"

"ငါ ပတ်ပေးချင်လို့လေ..မရဘူးလား"

ညို့ဓာတ်တွေပါတဲ့အကြည့်နှင့် အက်ရှရှပြောလာတဲ့ Jungkook ကြောင့် Taehyung နှလုံးသားလေးတစ်ချက် ခုန်ပေါက်သွားရသည်။ သို့သော် Jungkook က တမင်'စ'နေတာ ဆိုတဲ့ အသိကြောင့် သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။

"စနေတာရပ်ပြီး မောင်းတော့...နောက်ကျလိမ့်မယ်"

Jungkook က ဟင်းကနဲ့ တစ်ချက်ရယ်ပြီး ကားစမောင်းလေသည်။

ကားပေါ်တွင်...

"မင်း ငါကလေးရှိတာ..ဘယ်လိုသိတာလဲ"

"အာ...ကိုယ်ရေးအကျဥ်း တောင်းကြည့်ထားတာလေ.. ကိုယ့် Company မှာ တစ်လလောက်နေမယ့်သူရဲ့အကြောင်းတော့ သိသင့်တယ်မလား"

တကယ်တော့ Jungkook မနေ့တည်းက စုံစမ်းထားတာဖြစ်သည်။ ကလေးက Taehyung ရဲ့သားဖြစ်နေမှန်းသိတော့ ဘာလို့စိတ်ဓာတ်ကျသွားမှန်းမသိ။ သို့ပေမယ့် နောက်ဆက်တွဲ မိန်းမ မရှိတော့ဘဲ Single Father ဖြစ်ကြောင်း သိလိုက်ရမှ စိတ်သက်သာရာရသွားခဲ့သည်။ ကလေးအမေအကြောင်းတော့ မဖော်ပြထားပေ။

Lövëly €nëmý(Complete)Where stories live. Discover now