En-9

17.2K 1.2K 119
                                    

Taehyung ဝင်ထိုင်ပြီးပြီးချင်း Jimin က စကားစလာသည်။

"သူက ဘယ်သူလဲ Taehyung...ငါ မမြင်ဖူးဘူးရော "

"ငါ့ကို ဖွင့်ပြောထားတဲ့ ကောင်လေး"

"ဟမ်...မင်း သူနဲ့ တွဲနေပြီလား "

"မတွဲပါဘူးကွာ...ဘာလဲ Jiminie လေးက သဝန်တိုနေတာလား "

ပြီတီတီမျက်နှာပေးနှင့် Taehyung မေးလိုက်သည်။

"ဖောက်လာပြီ... မင်းက ခါတိုင်း မင်းကို ကြိုက်တဲ့သူတွေဆီက ဘာမှယူဖူးတာမှ မဟုတ်တာ..အဲ့တာကြောင့် ငါလည်း ထင်သွားတာပေါ့လို့ "

"လူတန်းကြီးကို ကြည့်ဦးလေ...ပြီးတော့ ဒီနေ့ တန်းစီရမှာ စိတ်မပါလို့ ငါအလကားယူတာ မဟုတ်ပါဘူး ငါမနေ့က သူနဲ့လည်ပေးထားတာပဲလေ "

"ဘာ..."

ဒီတခါ အသံထွက်လာသူက Jimin မဟုတ်ဘဲ Jungkook ပင်။ အသံကျယ်သွားတာကြောင့် ကန်တင်းထဲက လူတွေကပင် အထူးအဆန်းလို ကြည့်လာကြသည်။

"ရား...ဘာလို့ အော်နေတာလဲ ဒါက မင်းအဖေအိမ် မဟုတ်ဘူးကွ "

"ဟုတ်သားပဲ Jungkook ရာ...မသိရင် Taehyung က မင်းကွယ်ရာမှာ ဖောက်ပြန်နေလို့ဒေါသထွက်သွားတာ ကျနေတာပဲ"

Taehyung အပြောကို Jimin က ပါထောက်ခံပြီးပြောလေသည်။

"ဘာ...ဘာတွေ လျှောက်ပြောနေတာလဲ မဖြစ်နိုင်တာ..ကျတော်ကလား သူ့ကြောင့်ဒေါသထွက်မှာ...သူ Hyung ကိုသာ တကယ်ကြိုက်ရင် တခြားသူနဲ့ အီစီကလီ လုပ်စရာမှ မလိုတာ...အဲ့တာကြောင့် Hyung အတွက် မခံမရပ်ဖြစ်မိသွားတာပါ "

"ရား...အဲ့တာ ငါနဲ့ Jimin ကိစ္စလေ မင်းနဲ့ဘာဆိုင်လဲ.."

"Jimin Hyung က ငါ့အကိုလေ ဘာကိစ္စ ငါနဲ့မဆိုင်ရမှာလဲ...မင်းသာ Hyung ကို တကယ်သဘောကျရင် တခြားတစ်ယောက်နဲ့ အတူရှိနေစရာကိုမလိုတာ "

"ငါ Jimin ကိုပဲ ကြိုက်တာလေ..ငါက သူနဲ့လျှောက်သွားပေးလိုက်တာနဲ့ ငါက သူ့ကို ကြိုက်သွားတာမှ မဟုတ်တာ "

စကားသံတွေက ပိုကျယ်လာကာ တစ်ယောက်ကိုတစ်ယောက်အလျှော့မပေးကြတဲ့ Jungkook နဲ့ Taehyung...

ဘေးလူတွေရဲ့စိတ်ဝင်စားမှုကလည်း ပိုမြင့်တက်လာသည်။ အဝေးက လူတွေဆို ထတောင်ကြည့်နေကြသေးသည်။

Lövëly €nëmý(Complete)Where stories live. Discover now