🎐19

358 107 47
                                    

Raining in my eyes

8:11pm

__________________❄️__________________


" ဂျီမင်း... "

" ....... "

" ဂျီမင်း....., ကျုပ်တို့ထမှရတော့မယ် "

" အွန်း.... "

" ထတော့ ... "

ပန်းလေးသည်ကုတင်ပေါ်လိမ့်ကာ
ထယ်ယောင်းရင်ခွင်ထဲတိုး၀င်သွားလေသည်

" အဲ့လိုချွဲနေရင် ကျုပ်ကဘယ်လိုစိတ်ချရပါ့မလဲ "

ထယ်ယောင်းလဲ ဂျီမင်းရဲ့ ကပိုးကရိုးလေးဖြစ်နေတဲ့
အကျီလေးနဲ့ဆံပင်လေးကိုသပ်တင်ပေးကာ
နှဖူးကိုနမ်းလိုက်လေသည်

" အချွဲမခံချင်ရင် မချွဲရအောင်နေလေ သခင်လေးကအဲ့လို
ဂရုစိုက်နေမှတော့ ကျွန်တော်က
ကလေးဆန်ချင်တာပေါ့ "

" ဘယ်တုန်းကဒီလိုစကားတွေပြောတက်သွားတာလဲ
ဂျီမင်း "

" ...... "

သူ့ရင်ခွင်ထဲ ခေါင်းလေးတိုး၀င်ကာ ပြန်အိပ်သွားသော
ဂျီမင်း

- ဒိလိုနူးနူးညံညံချစ်ရသူလေးကိုသူ ဘယ်လိုများ စိတ်ချ
နိုင်မလဲ ဖရန်စစ့်တို့နဲ့ဘယ်လိုမှမဖြစ်ဘူး -

" သခင်လေးတွေးနေတာကိုသိတာမို့စိတ်မပူပဲစိတ်ချ
လက်ချယုံပါ ကျွန်တော်ကကာကွယ်ပေးမှာမို့ "

" ကျုပ်ကပဲကာကွယ်ပေးချင်တာ "

ထယ်ယောင်းကုတင်းပေါ်မှထကာ စောင်တွေနဲ့ရောထွေးပြီး
ဂျီမင်းအားပွေ့ချီလိုက်လေတော့အလိုက်တသင့်လေး
သူလည်တိုင်ကိုလာဖတ်ကာ ပြုံးရယ်နေလေသည်

ကျုပ်သိတာပေါ့ ခင်ဗျားလေးသေချာနိုးနေပြီးသားဆိုတာ

" မျက်နှာသွားသစ်မယ် "

" သခင်လေးအမိန့်တိုင်းပါ "

သူတို့နှစ်ယောက်လုံးပြုံးရယ်လိုက္မိတော့သည်

🦋

RAINING IN MY EYES [ Completed ]Where stories live. Discover now