🦋24

292 88 30
                                    

Raining in My Eyes
9.Jan.2022
1:06pm

___________________________

" သခင်လေး "

" ၀င်ခဲ့ "

သူ့အမိန်ရတာနဲ့အခန်းထဲကို၀င်လာသော ဟက်ဇဲသည်
မျက်နှာညိုးငယ်စွာဖြင့်သာ

" ဘာကိစွရှိလို့လဲ "

" နေ့လည်စာစားချိန်ရောက်ပါပြီ "

ထယ်ယောင်း ထိုင်ခုံမှာပဲထိုင်ကာ မှန်ချပ်တွေကနေ
ဥယျာဉ်ထဲကိုကြည့်နေရင်း
ဟက်ဇဲကိုကျောခိုင်းထားစဲပင်

" မင်းတို့အရင်စားလိုက် "

" သခင်လေး အစာမစားတာ နှစ်ရက်ရှိနေပြီ အလုပ်တွေက
ဘာတွေကိုလုပ်နေမှန်းမသိရူပ်နေတာ ဒိတိုင်းဆို
မကြာခင်မူးလဲသွားလိမ့်မယ် "

" ကျုပ်အဆင်ပြေတယ် "

" ဟူး.... "

" ညနေကျရင် လော့ရစ် အိမ်ကိုလာလိမ့်မယ် သူနဲ့ လက်ထပ်ရလိမ့်မယ် အဲ့သလိုသိထားပေး "

" ဒါဆို ‌လူလေးဂျီမင်းကကော "

" သူနဲ့ကျုပ်ဘာမှမဆိုင်တော့ဘူး သူကဒိအိမ်မှာလိုင်လာကို
စာလာသင်ပေးဖူးသွားတဲ့ဆရာသက်သက်ပဲ "

" သခင်လေး !! "

" ဒါကြောင့်ဒိအိမ်မှာသူ့အကြောင်းထပ်မပြောနဲ့ ကျုပ်မကြားချင်ဘူး သူနဲ့ကျုပ်က အတိတ်က လူတွေပဲ "

သခင်လေး ထိုင်နေရာမှ ထသွားကာ
Restroom ထဲသို့၀င်သွားလေသည်

" သခင်လေးတကယ်ရက်စက်လွန်းတယ် ကိုယ့်ကိုကိုညှင်းဆဲနေမဲ့အစား သခင်လေးချစ်တဲ့သူကိုဘယ်လိုကာကွယ်
ရမလဲ ‌စဉ်းစားသင့်တာ "

" ဂျိန်း ! " ( တံခါးပိတ်သံ )

" ဟူး... "

သခင်လေး မရှိတော့မှာ သူလဲ ထယ်ယောင်းထိုင်နေကြ
နေရာကိုလာကာ ဆေးလိပ်ပြာထည့်သည်
ဖန်ခွက်လေးကိုယူကာ ပြာတွေကိုဖယ်ရှားပေးလိုက်သည်

RAINING IN MY EYES [ Completed ]Donde viven las historias. Descúbrelo ahora