🎐5

481 121 15
                                    

Raining in my eyes

3:20pm

__________________❄️__________________

သံခေါင်ယံ ညလယ်လောက္မှာ
သူ့ရဲ့နွေးထွေးနေတဲ့အခန်းထဲကိုအေး‌စက်တဲ့လေတွေ
တိုးဝေ့လာခဲ့တယ် ထိုလေအေးတွေကြောင့်ဘယ်လိုမှ
အိပ်ဆက်ဖို့မဖြစ် နိုင်တော့တာကြောင့်

မျက်လုံးတွေဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတာ
ဖယောင်းတိုင်မီး

- ငါဖယောင်းတိုင်မီးသေချာပိတ်ခဲ့ပါတယ် -

" နိူးလာပြီလား "

" သခင်လေး !... "

ကုတင်ခပ်လှမ်းလှမ်းကခုံမှာထိုင်ကာ တစ်ယောက်ထဲ
စာအုပ်ဖတ်နေသော သခင်လေး

" ကျွန်တော့အခန်းထဲဘယ်လိုရောက်လာတာလဲ ! "

" ‌မင်းမေ့တာလား ဆရာ ကျုပ်ကဒိအိမ်ကသခင်လေ "

" ဒါပေမဲ့ "

" မင်းတွက်ပေးထားတဲ့အခန်းဆိုတာတော့ကျုပ်သိပါတယ် "

သူစောင်ကိုရင်ဘတ်ထိတိုးခြုံလိုက်သည် ဒါပေမဲ့
လွတ်နေတဲ့ပုခုံးသားတွေထိတော့
မလုံပေ

" ကျေးဇူ့ပြုပြီးထွက်သွားပေးလို့ရမလား "

" တောင်းဆိုတာလား "

‌" တောင်းဆိုတာပါ "

" ကျုပ်ခင်‌ဗျားကိုမေးစရာရှိနေလို့ပါ "

" ဒါပေမဲ့ ! ! "

သူလေသံကျယ်သွားတော့ ထယ်ယောင်း အကြည့်တွေသည်
စာအုပ်မှသူ့စီရောက်လာလေသည်

" ဆက်ပြော "

" ဒိလိုအပြုအမူက ရိုင်းတယ်မထင်ဘူးလားသခင် "

" ရိုင်းတယ်လား...ဆရာက ရိုင်းတယ်ဆိုတဲ့အသုံးနူန်းကို
သိတယ်လား "

- သူတကယ်ဘာဖြစ်ချင်နေတာလဲ -

ထယ်ယောင်း ထိုင်နေရာကနေ
သူ့‌စီသို့တည့်တည့်လျှောက်လာကာ

RAINING IN MY EYES [ Completed ]حيث تعيش القصص. اكتشف الآن