2000.9.3
E.L.U.K.S.T.D.M.L" Alex !!!! "
အခန်း၀မှာ ဆောင့်ကာ ခေါ်လိုက်သော အသံမာမာသည် မိမိရဲ့အမဖြစ်သူမှန်းသိလိုက်တာမို့ ဖတ်လက်စစာအုပ်လေးကို အမြန်ပိတ်လိုက်ကာ..ခေါင်းအုံးအောက်သို့ထိုးထည့်လိုက်သည်။
" အဲ့တာဘာလုပ်နေတာလဲ ! "
အမဖြစ်သူသည် အခန်းထဲသို့၀င်လာရင်း...သူ့ရှ်ိနေတဲ့
ကုတင်းနားကိုလျှောက်လာလေတော့...ကုတင်ပေါ်ကထကာ..." သွားကြမယ်လေ အချိန်ကြပြီမဟုတ်လား "
" ထပ်ပြီး ငိုနေပြန်ပြီ...ဒီကလေးကတော့လေ."
အလျှင်စလိုထလာတဲ့သူမရဲ့မောင်လေးသည် စာဖတ်တက်ခါစအရွယ်လေးထဲက ..ကြိုက်နှစ်သက်သောစာအုပ်လေးတစ်အုပ်ရှိသည် ထိုစာအုပ်လေးကိုဖတ်တိုင်းသူမသိစိတ်ကြောင့်မျက်ရည်လေးတွေကျကာ ..
၀မ်းနည်းလာပေမဲ့ ထူးဆန်းစွာ ထိုစာအုပ်လေးသည်
သူမရဲ့မောင်လေးတွက်အနှစ်သက်ဆုံးမစွန့်လွတ်နိုင်သောစာအုပ်လေးတစ်အုပ်ဖြစ်ခဲ့လေသည်။" မငိုပါနဲ့တော့..မျက်လုံးလေးတွေတောင်ရဲနေပြီ "
အမဖြစ်သူသည် မိမိမျက်၀န်းမှပါးပြင်တစ်ေလျှာက်ကျလာခဲ့မှန်းမသိသော မျက်ရည်လေးကိုသုတ်ပေးရင်း ပြုံးရယ်နေလေသည်
" ငိုမိနေမှန်းတောင်မသိဘူး "
" ကယ် ...ကလေးလေး..မငိုနဲ့တော့ ဒီထပ်နောက်ကျရင် မကောင်းဘူးလေ မြန်မြန်ပြင်ဆင်ပြီးထွက်လာခဲ့တော့ "
" မသွားလို့မရဘူးလား..မမ "
ကလေးငယ်လေးနဲ့တူသော မောင်လေးရဲ့စကားကို
သူမ ပြုံးပြုံးလေးနဲ့ပဲ..." ဟိုရောက်ရင်ဂျီမင်းပျော်ရင်ပျော်မှာပါ ဘ၀ဆိုတာ
တစ်ခါတလေ မမျှော်လင့်ထားဝာာတွေဖြစ်တက်တယ်မဟုတ်လား မမ ရဲ့ကလေးလေးက ဆန်းကြယ်ချင်းတွေကိုနှစ်သက်တယ်မဟုတ်လား "သူခေါင်းကိုနှစ်ခါငြိမ့်ပြလိုက်လေတော့..မမက ဆံသားပျော့ပျော့လေးတွေကိုဖွကာ..အခန်းထဲမှထွက်သွားလေတော့သည်။
ESTÁS LEYENDO
RAINING IN MY EYES [ Completed ]
Romance95, liner , MM unicode only. It was raining in my eyes. It's like a melodious song.If you want to know, you can read it.