ဖတ်ပေးပါ။

260 50 9
                                    

တွေ့ရတာ၀မ်းသာပါတယ် မင်းတို့ကိုကျွန်တော်မသိပေမဲ့ ကျွန်တော်ကမင်းအခုဖတ်မဲ့ fiction တွေကိုရေးတဲ့သူပါ ။ ပထမဆုံးပြောချင်တာ ကျွန်တော့်ကလူတွေမသိတဲ့ wp က စာရေးသူတစ်ယောက်ပါကျွန်တော့်မှာ Author အသစ်လေးတွေလို စည်းရုံးရေးဆင်းဖို့ဘာ social friends မှမရှိပါဘူး ‌ပြီတော့ကျွန်တော်က စိတ်ပိုင်းဆိုင်းရာ မှာမင်းနဲ့မတူပဲ အာရုံငါးပါးနဲ့မဟုတ်ပဲ ထူးခြားတဲ့အတွေးနဲ့ရှင်သန်နေရတဲ့သဘောကျနှစ်သက်တဲ့သူပါ။ စိတ်တွေဖောက်လာတိုင်းတစ်ယောက်ထဲအထီးကျန်တိုင်းဘယ်သူကိုမှလိုအောင် အစားထိုးအနေနဲ့စာရေးတာကိုဝါသနာတစ်ခုဖြစ်မွေးလိုက်တာပါ။ဒါပေမဲ့အရင်ကစာဖတ်ပေးသူလဲနည်းတယ် သိတဲ့သူလဲနည်းတယ်အဲ့ဘ၀ကိုပိုပျော်ပါတယ် အခုက စာဖတ်သူတွေသာများလာပေမဲ့ ကျွန်တော့်ကိုရင်းနှီးတဲ့သူကျွန်တော့်ခေါင်းထဲကထွက်လာတဲ့မင်းတို့တွက်ခဏတာအပန်းဖြေစေတဲ့
ဇာတ်လမ်းတွေကိုတန်ဖိုးထားပေးတဲ့သူတွေနည်းသထပ်နည်းလာတယ် တစ်ခုခုတင်တယ်အများကြီးကလမ်းကြုံလို့၀င်ဖတ်သွားတယ် ကျွန်တော့်ရဲ့စိတ်ထဲ
ကြယ်တွေမပေးသွားဘူး မန့့်တွေမပေးသွားဘူး ဒီတိုင်းပြီးပြီးရော၀င်ဖတ်သွားတာ တကယ် စိတ်မကောင်းဖြစ်မိတယ် အပေါင်းသင်းမထားတက်လို့
တစ်ယောက်ထဲနေနေတဲ့ wpမှာပါထပ်ပြီတစ်ယောက်ထဲဖြစ်နေတယ် မင်းတို့ပေးတဲ့ကြယ်လေးတွေက
ကျွန်တော့်စိတ်ကိုပျော်စေတာကလွဲရင်ဘာမှအသုံးမ၀င်ပါဘူး ကျွန်တော့်ကိုအသိမှတ်ပြုတာမို့၀မ်းသာတယ်ဒါပါပဲ ။ အခု view တွေအများကြီလာဖတ်ပေမဲ့ တစ်ခါတခါကျွန်တော့်စာလေးတွေက 20 သာသာ 10သာသာမှာရှိနေတာမြင်တော့ စာမရေးချင်တော့ဘူး အစထဲကကျွန်တော်ကဒီအလုပ်နဲ့ပါရမီမပါပါဘူး
မတော်ဘူး ၀န်ခံပါတယ်ဒါကြောင့်ဘယ်သောအခါမှ
ဒီအကြောင်းကိုမပြောဖြစ်ခဲ့ဘူး အခုတော့ ရိုးသားစွာတားချင်ပါတယ် မင်းမကြိုက်ရင်
ကျွန်တော့်စာတွေကိုမနှစ်သက်ရင်၀င်မဖတ်ဖို့ပါ ရှိတဲ့ကျွန်တော့စာတွေကိုတန်ဖိုးထားတဲ့လူနည်းစုလေးနဲ့ပဲနေချင်ပါတယ် သူတို့တောင်ပျောက်သွားကြပေမဲ့အဆင်ပြေပါတယ်ဗျတစ်ယောက်ပဲဆိုရင်တောင်

ကျွန်တော့်ကိုအသိမှတ်မပြုပေးနိုင်ရင်၀င်မဖတ်ပေးဖို့ပါ။ဒီထပ်ယဉ်ကျေးတဲ့နည်းရှိရင်ကျွန်တော်သုံးပြီး တားချင်ပါတယ် လာမဖတ်ပါနဲ့မင်းကို
ကိုယ်တကယ်ခင်ချင်ပါတယ်

ဒါပေမဲ့ ကိုယ်စိတ်လေးကိုလဲကာကွယ်ရမှာမို့
မာနထောင်လွှားတဲ့ပုံစံမျိုးဖြစ်စေခဲ့မိရင်
ကိုယ်တောင်းပန်ပါတယ် ။

#ArtemisK

You've reached the end of published parts.

⏰ Last updated: Sep 03, 2022 ⏰

Add this story to your Library to get notified about new parts!

RAINING IN MY EYES [ Completed ]Where stories live. Discover now