(zawgyi)
နွေဦး ရောက်တော့မှာဆိုပေမယ့် ဆောင်းဦးအတိုင်းပင် လေအေး တစ်ချက်ဝှေ့လိုက်တိုင်း သစ်ရွက်လေးတွေက တလွင့်လွင့်ကြွေနေတုန်း။
အခုလို maple သစ်ပင်တွေ ဝန်းရံနေတဲ့ လမ်းလေးမှာ လမ်းလျှောက်နေတဲ့အခါမှာဆို ပိုသိသာသည်လေ။
နေဝင်ခါနီးမို့လို့ သစ်ကိုင်းတွေကြားကနေ ဖြာထွက်နေတဲ့ နေရောင်ခြည်ကြောင့် maple သစ်ရွက်တွေနဲ့ ဖုံးအုပ်နေတဲ့ ဒီကွန်ကရစ် လမ်းကျဉ်းလေးက ရွှေဝါရောင်တောက်ပနေသလို လှ၏။
ဒါပေမယ့် ကျွန်တော့်အတွက်တော့ အရှေ့ကနေ ကျွန်တော့်ဘက်ကို မျက်နှာမူပြီး ပြုံးရယ်ကာ နောက်ပြန်လမ်းလျှောက်နေတဲ့ ကောင်လေးရဲ့ အလှတရားကိုတော့ မယှဉ်နိုင်ဘူးပေါ့။
"baby ရဲ့ အနောက်မှာ ရေပန်းရှိ - သတိထား!"
သတိပေးလို့တောင် မဆုံးသေး၊ အနောက်က အုတ်ဘောင်နဲ့ တိုက်မိပြီး ရေကန်ထဲ နောက်ပြန်လှန်ကျတော့မလို ဖြစ်တော့ လက်တစ်ဖက်က လျင်မြန်စွာပင် သူ့ကို ခါးကနေ ဆွဲဖက်လိုက်ကာ ထိန်းပေးမိ၏။
မထင်မှတ်ထားတာက Donghyuck ကို ဆွဲလိုက်တဲ့ အားကြောင့် ကျွန်တော်တို့ နှုတ်ခမ်းချင်း ထိကပ်သွားလိမ့်မယ်ဆိုတာပါပဲ။
စိတ်ကူးယဉ်ဆန်လွန်းတဲ့ မတော်တဆ . .
ရုတ်တရက် အဖြစ်အပျက်ကြောင့် ကောင်လေးက အကြီးအကျယ် ထိတ်လန့်သွားပြီး ကျွန်တော့်ကို ရင်ဘတ်ကနေ တွန်းဖယ်ဖို့ ကြိုးစားပေမယ့် ကျွန်တော်ကတော့ သူ့ကို လွတ်ပေးဖို့ အတွေးမရှိ၊ ခါးလေးကို တင်းကြပ်စွာ ဖက်ထားမိသည်။
မြန်ဆန်လွန်းတဲ့ နှလုံးခုန်နှုန်းနဲ့ ပုံမှန်မဟုတ်တော့တဲ့ အသိစိတ်တွေကြောင့် နီမြန်းနေတဲ့ သူ့နှုတ်ခမ်းဖူးဖူးလေးကိုပဲ ရီဝေစွာ စိုက်ကြည့်နေမိတော့ သတိထားမိသွားတဲ့ သူကလည်း ရုန်းထွက်ဖို့ ကြိုးစားသည်လေ။
"hyung ကျွန်တော့်ကို လွှတ်ပေး -"
တောင်းဆိုလည်း နောက်ကျသွားခဲ့ပြီ baby.
မင်းကို ကိုယ် ဘယ်လိုမှ လက်မလွတ်နိုင်တော့ဘူး။
"ကိုယ့်ကို . . ခွင့်ပြုပေးနိုင်မလား?"
![](https://img.wattpad.com/cover/293755083-288-k124348.jpg)
YOU ARE READING
something like love - light ver {markhyuck}
Fanfic[completed] (zawgyi) ဒီခံစားချက်တွေက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော် သိတယ်။ 'အချစ်' လူတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ အရာပေါ့။ အဲ့တာကြောင့် ကျွန်တော် မချစ်ချင်ဘူး။ သူ့ကို ကျွန်တော် ချစ်မိခဲ့တယ်။ ဒါပေမယ့်လည်း ပထမဆုံး...