(zawgyi)
ဆောင်းတွင်းဆိုပေမယ့် ဆာဟာရ သဲကန္တာရထဲ ရောက်နေသလို ဘယ်သွားသွား နေက ခေါင်းပေါ် တည့်တည့်မှာပင်။
ပူလွန်းရတဲ့ကြားထဲ ကွင်းပြင်ကြီးမှာ ဘောလုံးအသင်းနဲ့ ပန်းဖွားအသင်းတို့ လေ့ကျင့်ရေးဆင်းတာကို လာစောင့်နေရတဲ့ ဒုက္ခကလည်း မသေးလှ။
"2, 4, 6, 8! ဟုတ်ပြီ။ 15 မိနစ်နားကြမယ်။ ရေဘူးတွေက Donghyuck ဆီကနေ သွားယူလိုက်"
ရုံးခန်းရှေ့ကနေ လျှာရှည်ပြီး ဖြတ်သွားမိတော့ ပန်းဖွား နည်းပြဆရာမနဲ့ တန်းတန်းတိုးတာ၊ အားကစားအသင်းရဲ့ လက်ထောက်က ဒီနေ့ ကျောင်းမလာလို့ဆိုပြီး ဒီနေ့အတွက် တောက်တိုမည်ရ ကူညီပေးပါဦးတဲ့လေ။
မငြင်းမိခဲ့တဲ့ ကိုယ့်ကိုကိုယ်သာ ရိုက်ချင်၏။
"Lee Donghyuck နင်က ဒီမှာ ဘာလုပ်နေတာလဲ?"
ပန်းဖွားအဖွဲ့မှာ Lee Dohyun က ခေါင်းဆောင်ဆိုတာကို ကျွန်တော် ဘယ်လိုလုပ် မေ့နေရတာလဲ?
"Mrs. Kim က ဒီနေ့ ခန ကူပေးပါဦးဆိုလို့"
ရေဘူးကမ်းမလို့ ရှိသေး သူမက ဆက်ခနဲ ဆွဲယူသွားသည်။
"ငါနဲ့ ဝေးဝေးမှာနေ ကြားလား? အလကားနေ နင့်ကြောင့်နဲ့ ငါပါရောပြီး outsider မဖြစ်ချင်ဘူး"
တောရိုင်း တိရစ္ဆာန်တစ်ကောင်လိုပဲ ကြောက်ဖို့ကောင်းလို့ အနားလည်း မကပ်ရဲပါဘူး။
"ဟုတ် . ."
ပန်းဖွားအဖွဲ့ကို ရေဘူးတွေ လိုက်ပေး၊ ချွေးတွေ သုတ်ပြီး ဖြစ်သလို ပစ်ချထားတဲ့ ပဝါတွေကို လိုက်ကောက်သိမ်းနေတုန်း ဘောလုံး အသင်းကပါ နားချိန်ရတော့ သူတို့ကိုပါ ရေဘူးကမ်းရ၊ ပဝါကမ်းရနဲ့ တစ်ယောက်တည်း ပျားတုပ်နေ၏။
"လက်ထောက် ဒီကို ပဝါပေးဦး!"
"ရေဘူးတွေရော? အမြန်ပေး!"
"ပန်းဖွားအဖွဲ့အတွက် suncream က ဘယ်မှာလဲ!"
"ဒီမှာ ကြွက်တက်သွားလို့ လိမ်းဆေးပေးဦး!"
ရူးချင်တယ် . .
ပန်းဖွားအဖွဲ့ကတစ်မျိုး၊ ဘောလုံး အသင်းက တစ်မျိုး တကယ့်ကို ဗရုတ်သုတ်ခပါပဲ။
![](https://img.wattpad.com/cover/293755083-288-k124348.jpg)
YOU ARE READING
something like love - light ver {markhyuck}
Fanfiction[completed] (zawgyi) ဒီခံစားချက်တွေက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော် သိတယ်။ 'အချစ်' လူတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ အရာပေါ့။ အဲ့တာကြောင့် ကျွန်တော် မချစ်ချင်ဘူး။ သူ့ကို ကျွန်တော် ချစ်မိခဲ့တယ်။ ဒါပေမယ့်လည်း ပထမဆုံး...