Part-17

1.1K 220 7
                                    

အခန်း ၁၇

(ပြီးပြည့်စုံတဲ့ဖျော်ဖြေတင်ဆက်မှု)

ထိုရယ်စရာကောင်းလှသည် * ရှောင်ယွီအာ (ငါးကလေး) နှင့်နှိုင်းယှဉ်လျှင် ချီယွီသည် Complex Number ထုတ်ပြန်ချင်တဝက်တွင်ဖော်ပြလာသည့် * ပြိုင်ဘက် *က သူ့အတွက်နည်းနည်းစိမ်းနေသေးသည်။

ယွီ "သူကကျွန်တော် ပြိုင်ဘက်လို့ ခင်များဘာလို့ပြောတာလဲ"

F1S "ဖေးယနှင့်မေဝေးက အရွယ်အစားတူတူပဲလေ၊ ကျန်းချန်ရွှမ်းအဲ့ဒီဂရုရဲ့ အမွေခံတစ်ဦး လည်းဖြစ်ကောင်းဖြစ်နိုင်တယ်၊ မင်းကသူ့ရဲ့လက်ရာမြောက်လှတဲ့ လူမှုဆက်ဆံရေးအတွက်ချီးကျူးခဲ့သေးတယ်လေ၊ သူကမင်းရဲ့ပြိုင်ဘက်ဖြစ်ဖို့အရည်အချင်းမရှိဘူးလား "

Complex Numberရဲ့စကားလုံးတွေက မှန်ကန်နေတာကြောင့် ချီယွီပြောစရာစကားလုံးမဲ့သွားရသည်။

F1S "မင်းရဲ့အတန်းဖော်က အခုဘာဖြစ်တယ်ဆိုတာတွေးမနေနဲ့၊ မင်းစီးပွားရေးလောကထဲကို ၀င်လိုက်တာနဲ့မင်းအနှေးနဲ့အမြန်တွေ့ကြုံရမှာပဲ၊ ယှဉ်ပြိုင်မှုက သူငယ်ချင်းဟုတ်ဟုတ်မဟုတ်ဟုတ် ထည့်သွင်းစဥ်းစားရမဲ့အချက်မဟုတ်ဘူး "

ယွီ "ခင်များ ကျွန်တော့်ကိုစိတ်ကျဥ်းကြပ်အောင်လုပ်နေတာပဲ "

F1S "ကောင်းပြီ၊ မင်းကဘယ်သူလဲဆိုတာသူမသိသေးဘူး ၊ အဲ့တချက်နဲ့မင်းနဲနဲပိုသာနေပြီ "

ယွီ "ခင်များကနေတဆင့် သူဘယ်သူလဲဆိုတာကျွန်တော်ရှာနိုင်သေးတာ ၊ သူရောကျွန်တော်ကို ရှာမတွေ့နိုင်ဘူးလား "

F1S "မင်းပြောသလိုပဲ မင်းအဖေကအရမ်းသတိရှိတယ်၊ အပေါ်ကနေအောက်အထိ စီးယွင်ဂရုရဲ့ဘယ်ကုမ္ပဏီကမှ မင်းမှာအစုရှယ်ယာတွေရှိတယ်ဆိုတာကိုမသိနိုင်ဘူး၊ မင်းကိုယ်စားကိုင်ထားတဲ့သူကို သူရှာထားတာ၊ သူကမင်းကိုအရမ်းကာကွယ်ပေးထားတာပဲ "

ယွီ"... "

F1S "ဒီကိစ္စမှာ ကျန်းမိသားစုရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းက အရမ်းမမြင့်ဘူး၊ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အများသူငှာလိုပဲ ၊ လီကျောက်ဂရုရဲ့ရှယ်ယာတည်ဆောက်ပုံနဲ့ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီခွဲအားလုံးရဲ့ရှယ်ယာခွဲဝေမှုကိုရှာနိုင်တယ်၊ အဲဒါကအခြေခံအားဖြင့်မိသားစုသစ်ပင်တစ်ခုလိုပဲ၊ကျန်းချန်မင်၊ ကျန်းချန်ဟွမ်း၊ ကျန်းချန်ရေ့ သူတို့က ကျန်းချန်ရွှမ်းရဲ့ညီအစ်ကိုမောင်နှမတွေဖြစ်မယ်ထင်တယ် "

The Ultimate Showdown of Black-bellied Vs  Black-bellied (Myanmar Translation)Where stories live. Discover now