Part-25

881 186 7
                                    

အခန်း ၂၅

{ရှုံးနိမ့်ခြင်းကိုဝန်ခံဖို့အစီစဥ်မရှိဘူး}

"ဟယ်လို... " ချီယွီသူ့လက်ကိုဆန့်ထုတ်လိုက်ပြီး တဖက်သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ၏မျက်နှာထက်တွင် လှိုင်းကယက်လေးအချို့ဖြတ်ပြေးသွားပြီး နှလုံးသားထဲတွင်ကြီးမားသောလှိုင်းတစ်ခုမြင့်တက်လာခဲ့သည်။

ဒီလူဘယ်လိုလုပ်ပြီး Complex Numberဖြစ်နေရတာလဲ?

ဒါကို တဖက်လူရဲ့သင်ကြားပေးထားတဲ့ နည်းဗျူဟာတွေနဲ့ပြန်ဆက်က်စပ်ပြီး တွေးကြည့်ရရင် ဒါတွေအားလုံးက တစ်ဖက်သူရဲ့အကွက်ကျကျစီစဥ်ထားတဲ့လုပ်ရိုးလုပ်စဥ်တစ်ခုလို့ ခံစားမိလိုက်သည်။

သူကသူ့ကို လိမ်လည်လှည့်စားပြီးတော့ ချက်ချင်းထွက်သွားပြေးသွားခဲ့တယ်။ Complex Numberကဒီကိစ္စနဲ့ပါတ်သက်ပြီးအရမ်းကိုစိတ်ဆိုးသွားလို့ သူ့ရဲ့အချက်အလက်တွေကိုရှာဖွေခဲ့ပြီး သူ့ကိုအကွက်ကျကျအရူးလုပ်နိုင်အောင်လို့ တစ်နှစ်ကျော်တဲ့အထိအချိန်ဖြုန်းရင် ငါးစာကြီးကြီးချခဲ့တယ် ။ ပြီးတော့ သူပြန်လာမှာကိုစောင့်ပြီး တူညီတဲ့ဒီဘားတစ်ခုမှာတွေ့ဆုံဖို့ သူ့ကိုအထူးဖိတ်ခေါ်ခဲ့တယ်.....။

ဒါပေမဲ့လည်း ဒီလိုလက်တွေ့မဆန်တဲ့သူ့ရဲ့ခန့်မှန်းချက်တွေကို ခဏချင်းပြန်တွန်လှန်ပစ်လိုက်သည်။

သူရဲ့အဓိကရည်ရွယ်ချက်က သူအဖေတောင်းဆိုတဲ့ မေဝေးရဲ့ဘဏ္ဍာရေးအစီရင်ခံစာတွေကို စုံစမ်းစစ်ဆေးဖို့။ စီးဟန်အမေရိကားလာတုန်းက ရွှီရိကျိုးထောက်ခံချက်ပေးခဲ့တဲ့ ဒီလူမှာပြောင်းလဲနိုင်တဲ့အရာတွေအများကြီးရှိနိုင်တယ်။  တကယ်လို ဒီလိုအချိတ်အဆက်နဲ့ပြသနာလေးတွေသာမရှိလာခဲ့ဘူးဆိုရင် သူတို့တစ်ယောက်နဲ့တစ်ယောက်အဆက်အဆံရှိလာမှမဟုတ်သလို အချင်းချင်းသိတောင်မှသိလာမှာမဟုတ်ဘူး။

ဒါအပြင် ဒီလိုမျိုးများပြားလှတဲ့လူမှုအသိုင်းအဝိုင်းတွေကြားက Complex Numberက ဒီဘားမှာအချိန်တွေကြာမြင့်နေခဲ့ပြီဖြစ်တဲ့သူ့ရဲ့လုပ်ရပ်အတွက်လက်စားချေဖို့ ဒီလောက်အချိန်တွေအများကြီးပေးပြီး ကြိုးပန်းအားထုတ်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။

The Ultimate Showdown of Black-bellied Vs  Black-bellied (Myanmar Translation)Where stories live. Discover now