အခန်း ၅၆
ချီယွီတစ်ဖက်လူကို ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲတွေးနေတုန်းမှာပင် ဖုရန်ရှင်းက နံရံပေါ်ကနာရီကို တချက်ကြည့်လိုက်ပြီး " နောက်ကျနေပြီ ၊ ကိုယ်မင်းကိုပြန်ပို့ပေးမယ် "
ချီယွီ သူပုံကမတင်မကျကြီးဖြစ်နေသည်။ အခုက ဆယ်နာရီတောင်မထိုးသေးဘူးမလား ? အရင်တုန်းက သူတို့ ဆယ့်တစ်နာရီ ဆယ့်နှစ်ရီထိ စကားပြောကြတာတောင် သူတို့နှစ်ယောက်ကြားမှာ အထူးတလည်ဖြစ်မနေဘူးလေ။ ဒါပေမဲ့ တဖက်လူဆီကနေ *ဧည့်သည်ကိုလိုက်ပို့ပေးမယ်လို့*ပြောလိုက်တဲ့စကားလုံးကို နားကြားမလွှဲတာသေချာသည်။
အစကတည်းက ချီယွီရဲ့ပင်ကိုယ်စရိုက်အရ မာန်နကြီးသည်။ ကိုးယိုးကားယားအခြေအနေတစ်ခုကနေ ရုန်းထွက်ဖို့အတွက် သူကြိုးစားခဲ့ပေမဲ့လို့ ဖုရန်ရှင်းရဲ့စကားလုံးကို ကြားလိုက်ရတဲ့အခါ သူအတော်လေး ဒေါသထွက်ရသည်။ သူဆက်ပြီး တစ်ဖက်လူကိူ မျက်နှာချိုသွေးပြီး ဖော်လံဖားလေးလဲ လုပ်ချင်စိတ်မရှိတော့ပေ။
"မလိုဘူး ကျွန်တော်ဝမ်မုန့်ကို လာကြိုဖို့ပြောလိုက်မယ် အနီးလေးပဲကို "
"ဒါဆိုလဲ ကိုယ်အောက်ထပ်ထိလိုက်ပို့မယ် " ဖုရန်ရှင်းက သူ့ကိုအတင်းအကြပ်တော့မလုပ်ခဲ့ပါချေ။
သူဝမ်မုန့်ကိုဖုန်းဆက်ခေါ်ပြီး ထိုင်ရာမှထကာ ဖိနပ်ကောက်စီးပြီးထွက်လာသည်။ ဖုရန်ရှင်းက သူ့လက်ထဲကစီးကရက်ကိုချပြီး စကားတလုံးမှမဆိုပဲ သူနောက်လိုက်လာကာ သူ့အားအောက်ထပ်လိုက်ပို့သည်။
ချီယွီ ပထမထပ်လော်ဘီမှာတင် ဝမ်မုန့်ရဲ့ကားကိုစောင့်လို့ရသည်။ ဒါပေမဲ့ ခြောက်ချားစရာအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် ကိုးယိုးကားယား ကြည့်နေကြပြီး စောင့်ဆိုင်းမနေချင်တာကြောင့် စောဆင်းလာခဲ့လိုက်သည်။ ပြီးတော့ သူကူကယ်ယာမဲ့စွာနဲ့ "ကျွန်တော်အပြင်ထွက်ပြီးပဲ စောင့်လိုက်တော့မယ် "
ဖုရန်ရှင်းခဏလောက်ဆွံ့အသွားရပြီးမှ အသံတိုးတိုးလေးနဲ့ဆိုလာသည် " ဒါဆိုလည်း ဒီဘက်သွား "
လင်းယွမ်တိုက်ခန်း၏ အဆောက်အဦခန်းမနှင့် တိုက်ခန်းတံခါးအားလုံးကို အတွင်းဘက်ဆောင်ကူးစင်္ကြံလမ်းများဖြင့် ချိတ်ဆက်ထားသည်။ စင်္ကြံလမ်း၏ နှစ်ဖက်နှစ်ချက်လုံးက စိန်းလန်းသည့် ရှု့ခင်းများနဲ့အတိပင်။ ညမီးရောင်များနဲ့ အလွန်ပနံသင့်ကာ အေးအေးလူလူနဲ့ လမ်းလျှောက်လို့ကောင်းသည့် နေရာတစ်ခုပင်။
YOU ARE READING
The Ultimate Showdown of Black-bellied Vs Black-bellied (Myanmar Translation)
Romance#Title-Ultimate Showdown of Black- bellied vs Black-bellied (腹黑和腹黑的终极对决) #Author-羲和清零 (Xi He Qing Ling) #Status-187 chapters All credit original puplisher & Author (Xi He Qing Ling) ချီယွီက ရှီးဟယ်ချင်းလင်လောင်ရှီးရဲ့(The Daily Life of Being the Cam...