Part-19

929 204 21
                                    

အခန်း ၁၉

{ပြတ်သားတဲ့ရွေးချယ်မှု}

ချီယွီကဆက်ပြီးတော့  "ငါမသိပါဘူး၊ ဒါပေမဲ့မင်းငါ့ကိုပြောနိုင်ပါတယ်"

"ကောင်းပြီ ... " ကျန်ချန်ရွှမ်းကကော်ဖီခွက်ကိုဖျစ်ညှစ်လိုက်ပြီး "မင်းပြောခဲ့တဲ့အတိုင်းဆို မင်းလီကျောက်ဂရုကိုမင်းသိသင့်သလောက်သိထားပြီးသားနေမယ် "

"အင်း"

"ငါက လီကျောက်ဂရုရဲ့ဒုဥက္ကဌကျန်းရိုဖရဲ့သားပဲ " ကျန်းချန်ရွှမ်းကခဏရပ်လိုက်ပြီးမှ" ဒါပေမယ့်ငါဆယ့်နှစ်နှစ်မပြည့်ခင်အထိ ကျန်းမိသားစုကငါ့ရဲ့ဖြစ်တည်မှုကိုတရားဝင်ဝန်မခံခဲ့ဘူး"

ချီယွီအံ့သြသွားပြီး အဲဒါကိုတရားဝင်ဝန်မခံဘူးလား!!

……တရားမဝင်သားလား!!

"နောက်ပိုင်းမှာမတော်တဆ ကျန်းရိုဖရဲ့ညီ၊ ငါ့ရဲ့လက်ရှိအဖေကတွေ့ပြီးသူကငါ့ကိုမွေးစားခဲ့တာ၊ ဒါကြောင့်ဥပဒေအရ ငါကကျန်းအိုက်ဖရဲ့သား၊  ငါသူ့ကိုအဖေလို့ပဲခေါ်တယ်၊ ငါ့ရဲ့မိဘအရင်းကိုတော့ ဒုတိယဦးလေးလို့ပဲခေါ်တယ်လ" ကျန်းချန်ရွှမ်း ချီယွီကိုကြည့်ပြီး ရှိုက်ကြီးတငင်ပြုံးရင်း " ဒါကနည်းနည်းရှုပ်ထွေးတယ်လို့မင်းထင်လား "

"ဟမ် ... " ဒါဟာတကယ်ကိုရှုပ်ထွေးပါတယ်၊ ကျန်းချန်ရွှမ်းက သူ့ကိုရိုးရိုးသားသားပြောလာလိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး။

"ပြီးတော့ ငါရဲ့ဖြစ်တည်မှုက ကျန်းမိသားစုရဲ့အရှက်ရစရာပဲလေ၊ ဒါကြောင့် ငါ့ငယ်ငယ်က သူများရဲ့​စကားအသွားအလာနဲ့မျက်နှာရိပ်မျက်နှာကဲကြည့်တတ်တာအကျင့်ဖြစ်နေပြီ၊ မင်းကငါ့ကိုနည်းနည်းကြောင်သူတော်ဆန်တယ်လို့မင်းထင်ကောင်းထင်လိမ့်မယ်၊ ငါကမင်းကိုပုဂ္ဂိုလ်ရေးရည်ရွယ်ချက်တစ်ချို့နဲ့ချဉ်းကပ်ခဲ့တယ်၊ ဒါပေမယ့် ချီယွီ  ..." ကျန်းချန်ရွှမ်းသူ့ကိုကြည့်နေရင်း အားကျမှုအရိပ်အယောင်တွေက ပြည့်နေသည်။ "မင်းဘယ်လောက်တောင်ထူးခြားနေလဲဆိုတာ မင်းမသိနိုင်ဘူး၊မင်းကိုယ်တိုင်တည်ဆောက်ထားတဲ့ မြင့်မားတဲ့တံတိုင်းတွေကြောင့်မဟုတ်ရင် မင်းကိုဘယ်သူကချဥ်းကပ်ချင်မှာလဲ"

The Ultimate Showdown of Black-bellied Vs  Black-bellied (Myanmar Translation)Where stories live. Discover now