အခန်း ၄၅
"ဖုလောင်ရှီး " ချီယွီလက်ကို အိတ်ကပ်ထဲထည့်ရင်း သူ့ရှေ့ကလူကိုပြုံးပြလိုက်ကာ " ခင်များဒီမှာဘာလုပ်နေတာလဲ "——ဖုရန်ရှင်းက သူ့ကိုဒီမှာစောင့်နေတာလား?
——ဒီလူ သည်းမခံနိုင်တော့လို့ သူ့တံခါးကိုအရင်လာခေါက်တာလား ?
——ဟားဟား..ဒီလူမှာလည်း ဒီလိုနေ့မျိုးရှိတာပဲ!!
ချီယွီ သူ့မျက်နှာထက်တွင် အခွင့်အခါကောင်းကို ရယူလိုက်နိုင်သလိုမျိုး ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များပြည့်နေသည်။
"တိုက်ဆိုင်လိုက်တာ " ဖုရန်ရှင်းက မီးမညှိထားသည့်စီးကရက်ကို လက်တွင်ကိုင်ထားသည်။ သူကချီယွီအား တစ်ချက်ကြည့်လာပြီး မတ်တပ်ရပ်ကာ" ကလိုင်းရင့်တစ်ယောက်က မင်းနေတဲ့ဟိုတယ်မှာ ညစာစားဖိတ်လို့၊ ကိုယ်စားပြီးသွားပြီး ပြန်တော့မလို့ တက္ကစီစောင့်နေတာ "
ချီယွီစွန့်အသွားရသည်။ သူသွားတော့မှာလား ?
ဖုရန်ရှင်းက သူ့ကိုလာတွေ့တာမဟုတ်ဘူးပေါ့ ?
....သူဘာဝှက်ဖဲတွေသုံးနေတာလဲ ?
သူတို့စကားပြောနေစဥ် ဖုရန်ရှင်းရဲ့ဖုန်းက မြည်လာသည်။
ထိုလူက သူ့အားတစ်ချက်ကြည့်လာပြီး ခေါ်ဆိုသူအိုင်ဒီက *တက္ကစီယာဥ်မောင်း*ဆိုပြီး သူ့ဖုန်းစခရင်ထက် ပြသနေသည်။
သူချီယွီကို့ကြည့်နေရင်း ဖုန်းကိုလက်ခံလိုက်ပြီး ထိုယာဥ်မောင်းအား " အင်း..ကျွန်တော် ဟောလီးဒေးဟိုတယ်မှာ၊ ဖုန်းချွမ်လမ်းနဲ့ဆို ၅၀၀မီတာလောက်ပဲ "
ချီယွီ "........"
ထိုလူငယ်လေးရဲ့ ဒေါသတွေလျှံလျက် ပြူးကျယ်လာသည့် မျက်ဝန်းအစုံကိုတွေ့တော့ ဖုရန်ရှင်း သူ့နုတ်ခမ်းလေးကွေးညွတ်သွားသည်။ သူကဖုန်းတဖက်ကယာဥ်မောင်းအား " ဆော်ရီးကိုယ့်ဆရာရေ ...ကျွန်တော် အစီစဥ်လေးပြောင်းလဲသွားလို့ အခုကျွန်တော်ကားမလိုသေးပါဘူး၊ နောက်မှကျွန်တော်စာအိတ်နီလေးပို့ပေးလိုက်ပါ့မယ်၊ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပါ "
YOU ARE READING
The Ultimate Showdown of Black-bellied Vs Black-bellied (Myanmar Translation)
Romance#Title-Ultimate Showdown of Black- bellied vs Black-bellied (腹黑和腹黑的终极对决) #Author-羲和清零 (Xi He Qing Ling) #Status-187 chapters All credit original puplisher & Author (Xi He Qing Ling) ချီယွီက ရှီးဟယ်ချင်းလင်လောင်ရှီးရဲ့(The Daily Life of Being the Cam...