Part 4 (Z&U)

567 30 0
                                    

<Zawgi>

"ယောင်းငယ်"

အောက်ထပ်က Oppa Joonရဲ့ခေါ်သံကြောင့် ယောင်းငယ် စာအုပ်ဖတ်နေရာမှ ထလာသည်။

"Nae Oppa"

အောက်ရောက်တော့ Oppaရော Hyungရော ဆိုဖာပေါ်မှာထိုင်နေတာနဲ့ယောင်းငယ်လဲဝင်ထိုင်လိုက်သည်။Oppaနဲ့Hyungရဲ့မျက်နှာက နဲနဲတော့မကောင်းပါ။

"Oppa ယောင်းကိုပြောစရာရှိလို့လား "

ယောင်းငယ်ပြောလိုက်တော့ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်နေကြသည်။

"Hyung ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား"

"ဟိုလေး... ဟို..."

Jin Hyung​က တစ်ဟိုဟိုနဲ့ပြောပီး ဆက်မပြောပဲသက်ပြင်းချသွားသည်။

"Hyung လို့"

"ယောင်းငယ် Oppaတို့ပြောတာ သေချာနားထောင်နော်"

Namjoonပြောလိုက်တော့ မျက်လုံးလေးကလည်ကလည်နဲ့နားထောင်နေတဲ့ ကလေးလေး

"ယောင်းငယ် Koreaပြန်ရမယ်"

"ဟမ်!"

ယောင်းငယ် အံ့ဩသွားသည်။

"ဟင့်အင်း ယောင်းမပြန်ချင်ဘူး ဟင့်"

ယောင်းငယ်က ရှိုက်သံလေးတစ်ချက်နဲ့အတူ မျက်ရည်ကလဲ ပေါက်ခနဲချက်ချင်းကျလာသည်။

"ကလေးလေး Hyung ကလေး မငိုပါနဲ့ကွာ"

ယောင်းငယ်မျက်ရည်ကျတာကိုမခံနိုင်တဲ့Jin hyung ကယောင်းငယ်ဘေးချက်ချင်းပြောင်းထိုင်ပီး ကိုယ်ငယ်လေးအားရင်ခွင်ထဲဆွဲထည့်လိုက်သည်။

"ဟင့် Hyung ယောင်းမသွားချင်ဘူး ဟင့် ယောင်းကိုပြန်မပို့ပါနဲ့ အီးး ဟီးး"

"Joonရယ် မပို့လို့မရဘူးလားဟင်"

"ကိုယ်ကရော ကိုယ့်ငယ်လေးကို ပြန်လျွတ်ချင်ပါ့မလား Jinnieရယ်"

"ဟင့် Oppa ယောင်းပြန်သွားချင်ဝူး အီးး ဟီးး"

Jin Hyungရဲ့ရင်ခွင်ထဲဝင်ပီးကလေးတစ်ယောက်လိုငိုနေတဲ့ သူ့ညီလေးကို ကြည့်ပီး Namjoonမခံစားနိုင်တော့ပါ။Namjoonထိုင်နေရာမှထပီး ဘေးက ပူကပ်နေတဲ့ကိုယ်လုံး၂ခုကို သိမ်းကြုံးပီးဖတ်လိုက်သည်။

𝑇ℎ𝑒 𝑉𝑖𝑙𝑙𝑎𝑖𝑛 𝐴𝑛𝑑 𝐻𝑖𝑠 𝐵𝑒𝑎𝑢𝑡𝑦 𝐺𝑜𝑑Dove le storie prendono vita. Scoprilo ora