<Unicoad>
Yoongi တစ်ယောက် ဟန်မြစ်မှာ စောင့်နေမိသည်။
ခဏအကြာ ဟန်မြစ်ကို ရောက်လာတဲ့ Jiminieနဲ့ ယောင်းငယ်တို့
"ကိုကို..."
"omm သဲငယ်"
"Hyung....."
တိုးရှရှအသံလေးနဲ့ ခေါ်လာတဲ့ သူ့ညီငယ်လေးကြောင့် Yoongi သက်ပြင်းချမိသည်။
"လာပါအုံး Hyungဆီ"
Yoongi လက်ဆန့်တန်းပေးကာခေါ်လိုက်ူည်။
"အင့်..."
အင့်ခနဲဝင်လာတဲ့ ဝက်ဝံလုံးလေးအား Yoongiပြန်ဖတ်လျက်
"ပြောပါအုံး Hyungတို့ ကလေးလေးကပျော့ညံ့သွားပီလား ဟမ်"
Yoongiက စနောက်ကာပြောလိုက်သည်။
"ဟင့်အင်း"
"ဘာဟင့်အင်းလဲ"
"အလှလေး..."
ခေါ်သံကြောင့် Yoongi ယောင်းငယ်ကို ဖတ်ထားရမှ လွှတ်ပေးလိုက်ကာ ကြည့်မိသည်။Yoongiနဲ့ Jiminieက မြင်ပေမဲ့ယောင်းငယ်ကကျောပေးထားလျက်။
"Jungkook"
နောက်ပြန်လှည့်ကြည့်က တိုးလျသောအသံဖြင့်ခေါ်လိုက်တဲ့ နာမ်စားတစ်ခု။
Shinnပေးတဲ့အလုပ်တစ်ခုကို Jkတစ်ပတ်အတွင်းအပီးသက်ခဲ့သည်။ဒီတစ်ပတ်အတွင်း သူ့ကိုအရမ်းစိုးမိုးလွန်းတဲ့ သူ့ရဲ့ချစ်ရသူလေးကို လွမ်းရတာလဲ အမောပင်။အခုပြန်ရောက်တော့ မိုးကလဲချုပ်နေပီဆိုတာနဲ့ သူ့အသက်လေးစိတ်ဆိုးမှာကိုတွေးကြောက်ပီး Cigretteနဲ့ ဘီယာဘူးများနဲ့ ဟန်မြစ်မှာလာထိုင်နေမိသည်။ခဏအကြာ အဖြူရောင်အရိပ်ကလေးကိုတွေ့လိုက်တာကြောင့် သေချာကြည့်မိတော့ သူ့နှလုံးသားလေးပင်။ဒါ့ကြောင့်လှမ်းခေါ်ကာ အနားသို့သွားမိသည်။
ယောင်းငယ် သူ့ဆီလျှောက်လာတဲ့ Jungkookကိုကြည့်နေမိသည်။ရှည်လာတဲ့ဆံနွယ်များ၊Maskအမဲရောင်တတ်ထားပေမဲ့ မျက်ခုံးထင်းထင်းနဲ့ ယောင်းငယ်သိပ်မြတ်နိုးရတဲ့ မျက်လုံးဝိုင်းဝိုင်းများက ပေါ်လွင်နေသည်။ Hoodieအနက်ကို ရင်ဘက်အောက်ထိဇစ်ဖြုတ်ကာဝတ်ထားပီး တံတောင်ဆစ်ထိလက်ကိုဆွဲတင်ထားတာကြောင့် Tattooများပေါ်လွင်နေသည်။ဖြူဖွေးပီး အကြောစိမ်းများဖျာထွက်နေတဲ့လက်က ယောက်ျားဆန်မှုကိုပြသနေသည်။လက်ချောင်းများကြား Cigretteကိုညှပ်ထားကာဘီယာဘူးလဲကိုင်ထားသေးသည်။မိမိုက်လွန်းလှတဲ့ Jungkookကသူ့အရှေ့ပင်ရောက်လာနေပီ။
YOU ARE READING
𝑇ℎ𝑒 𝑉𝑖𝑙𝑙𝑎𝑖𝑛 𝐴𝑛𝑑 𝐻𝑖𝑠 𝐵𝑒𝑎𝑢𝑡𝑦 𝐺𝑜𝑑
FanfictionZawgi "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့ မာကြောနေတဲ့ နှလုံးသားက မင်းကြောင့် လှုပ်ခတ်လာခဲ့တာ မောင်......" Unicoad "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့...