<Unicoad>
*Jungkook Side*
Jkတစ်ယောက် အလှလေးကို စိတ်မချတာနဲ့ ကျောင်းမှာတကောက်ကောက်လိုက်နေမိသည်။သူရှိနေချိန်တောင် အလှလေးကို ပိုင်ဆိုင်ချင်တဲ့သူက တော်တော် များသည်ပင်။
အလုပ်လုပ်ဖို့ကလဲဖုန်းတေဆက်ခေါ်နေတာကြောင့် ဒီအလှလေးကိုမထားခဲ့ရက်နိုင်။အလုပ်ပီးတာနဲ့ ချက်ချင်းဆိုလိုပင် အလှလေးရှိတဲ့အရပ်ကို လိုပ်ရှာပီး မျက်နှာဖူးဖူးလေးကို အဝေးကနေတစ်မေ့တစ်မော့ကြည့်မိသည်။
ကျောင်းထဲမှာ Helmetကြီးဆောင်းတာ ရူးတယ်ပဲပြောပြော ဂရုမစိုက်နိုင်။သူကိုသာ ဒီကျောင်းထဲမှာတွေ့ပီး သူကဒီအလှလေးအနောက်လိုက်နေတာသိရင် ရန်သူတေက ဒီနှလုံးသားလေးကို အန္တာရယ် ပေးမည်မလား။ဒါကြောင့် Helmetကြီးတကားကား အလှလေးနောကိုလိုက်မိသည်။Helmetဆောင်းထားတဲ့သူ့ကို အလှလေးက သိနေတာကြောင့်လဲ အချစ်ပိုမိသည်။
အလုပ်ရှိတဲ့အချိန် ဒီအလှလေးကိုမတွေ့ရရင် လူကနေလို့မရ လွမ်းသည်။အရမ်းလွမ်းပါသည်။အရမ်းလဲစိတ်ပူသည်။သူ့မရှိတဲ့ချိန်ဒီအလှလေးကို သူများပိုင်ဆိုင်သွားမှာကြောက်မိသည်။သူများလက်ထဲရောက်သွားမှာကြောက်မိသည်။အလှလေးနဲ့ပတ်သက်ရင်အရာရာကိုတွေးပူပီးကြောက်နေတဲ့ သူ့ကို JKပါဆိုပီးပြောရင် ယုံမှာမဟုတ်ပေ။
ဒီလိုနဲ့ အလှလေးကိုဖွင့်ပြောပီး အလှလေးနောက်ကို လိုက်တစ်ချက်မလိုက်တစ်ချက်နဲ့တစ်လပင်ပြည့်နေပီ။
ဒီအလှလေးကို ပိုင်ဆိုင်နို၈်အောင်ကြိုးစားတော့မည်ဆိုတော့ သူ့ရဲ့အလုပ်အကြီးကြီးပေါ်လာတာကြောင့် သူ့မှာတွေးပူရသည်။
သူ့စဉ်းစားမိသည်။သူမရှိတဲ့အချိန်တွင်း အလှလေးကို အလုပ်ပေးချင်တာနဲ့ ပန်းဆိုင်ကိုသွားကာ ထိုဆိုင်ကာ ဝန်ထမ်းကောင်လေးအား ပိုက်ဆံပေးကာ တစ်နေ့နှင်းဆီပန်းသုံးပွင့်ကိုတစ်နေရာဆီ မသိအောင်ပို့ခိုင်းခဲဘသည်။
သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်သည်ဆိုပါတော့။ဒီအလှလေး သူ့ကို နှင်းဆီပန်း ပေးတဲ့သူကို ရှာမတွေ့တာကြောင့် အတွေးများခဲ့ရသည်။ကျေနပ်ပါသည်။သူပေးတယ်ဆိုမသိပေမဲ့ သူ့အကြောင်းစဉ်းစားနေသလိုပင်။
YOU ARE READING
𝑇ℎ𝑒 𝑉𝑖𝑙𝑙𝑎𝑖𝑛 𝐴𝑛𝑑 𝐻𝑖𝑠 𝐵𝑒𝑎𝑢𝑡𝑦 𝐺𝑜𝑑
FanfictionZawgi "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့ မာကြောနေတဲ့ နှလုံးသားက မင်းကြောင့် လှုပ်ခတ်လာခဲ့တာ မောင်......" Unicoad "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့...