Part 14 (Z&U)

433 23 0
                                    

<Unicoad>

"Ring...Ring..."

"Hello"

ယောင်းငယ်အိပ်နေရာမှ ဖုန်းလာတာကြောင့် ကိုင်လိုက်သည်။မနက်စောစောစီးစီးဖုန်းသံကြောင့်ယောင်းငယ်လေး အလိုမကျဖြစ်မိသည်။

"သခင်လေး ဥဣဌကြီးခေါ်ခိုင်းလို့ပါ"

"ဟ ဘာကိစ္စလဲ"

"သခင်လေးကို Company မှာ အလုပ်ဝင်ခိုင်းမဲ့ကိစ္စပါ"

"ကျွန်တော် စိတ်မဝင်စားဘူး"

"အဲ့တာတော့ ဌဣဠကြီးနဲ့ပြောကြည့်လိုက်ပါ အိမ်တော်ထိန်းက ဖုန်းဆက်ပေးရမဲ့တာဝန်မို့ပါ။

"ကောင်းပီလေ ကျွန်တော်လာခဲ့ပါ့မယ်"

ယောင်းငယ်လဲဖုန်းချပီး မျက်နှာသစ် ရေချိုးဖို့လုပ်ရတော့သည်။

ပြင်ဆင်ပီးတာနဲ့ ကားသော့ဆွဲကာ Companyသွားဖို့ ဆင်းလာခဲ့သည်။

ယောင်းငယ်ရဲ့ ကားအဖြူလေးဟာ Kim Groupရဲ့Companyသို့ မောင်းထွက်သွားလေတော့သည်။

ယောင်းငယ်Companyရောက်တော့ Appaရဲ့ Officeကိုမသိတာကြောင့် Receptionဘက်ကိုလျှောက်လာခဲ့သည်။

"ဒီမှာ မင်းတို့ရဲ့ဥဣဌရုံးခန်းက ဘယ်အထပ်လဲ"

"......."

ယောင်းငယ်ကမေးနေပေမဲ့ ထိုမိန်းကလေးမှာ မျက်တောင်ပင်မခက်မျက်လုံးအပြူးသားနဲ့ယောင်းငယ်ကို ကြည့်နေသည်။

"ဒုန်းး ဒီမှာ...."

"Nae Nae ဘာကူညီပေးရမလဲရှင့်"

"မင်းတို့ရဲ့ဥဣဌရုံးခန်းက ဘယ်အထပ်လဲလို့"

"aww အပေါ်ဆုံးထပ်ကို တက်သွားလိုက်ပါနော်"

"omm ကျေးဇူး"

"အားးးးးး ချောလိုက်တာဟာ နတ်သားလေးလား လူရောဟုတ်ရဲ့လား ချောလိုက်တာဟာ ရူးတော့မှာပဲ"

ယောင်းငယ်ထွက်သွားတော့မှ Receptionရှင်က မိန်းကလေးတစ်သိုက်မှာ အသံကုန်အော်တော့သည်။

ဒါကိုကြားတဲ့ယောင်းငယ်ဆိုတဲ့အလှလေးက တစ်ချက်ပင်ဂရုစိုက်ခြင်းမရှိစွာ Liftနဲ့ အပေါ်ဆုံးထပ်ကို တတ်လာခဲ့သည်။

𝑇ℎ𝑒 𝑉𝑖𝑙𝑙𝑎𝑖𝑛 𝐴𝑛𝑑 𝐻𝑖𝑠 𝐵𝑒𝑎𝑢𝑡𝑦 𝐺𝑜𝑑Donde viven las historias. Descúbrelo ahora