<Unicoad>
နှင်းဆီပွင့်များထိုးထားတဲ့ ပန်းအိုးအား ကြည့်ကာ တွေးတောနေတဲ့ ကောင်လေး
"ဟင်းး"
သက်ပြင်းတစ်ချက်ချကာ ထိုးနှင်းဆီပန်းကားသူ့ကိုဘယ်သူလာပေးပါလိမ့် စဉ်းစားမရ။တစ်ခါတစ်ခါ တွေးမိပါသည် ဒီနှင်းဆီပန်းက Jungkookများလာပေးတာများလားဆိုတော့လဲ Jungkookက အရိပ်အယောင်တောင် မတွေ့။ဒီနေ့နဲ့ဆို ဒီနှင်းဆီပန်းရတာ တစ်ပတ်ပင်ရှိပီ။တစ်နေ့ကိုသုံးပွင့်လောက်ရှိတယ် ရနေတာ။မနက်မိုးလင်းအခန်းရှေ့မှာတစ်ပွင့်၊ကျောင်းမှာတစ်ပွင့်၊ကျောင်းက အပြန်အခန်းရှေ့မှာတစ်ပွင့်။အားလုံးပေါင်း21ပွင့်ရှိနေပီ။အခုထိ ပိုင်ရှင်ရှာမတွေ့။
ယောင်းငယ်လဲစဉ်းစားမရတာနဲ့ အိပ်ဖို့သာ တွေးလိုက်မိသည်။
At Morning
အိပ်ယာက နိုးလာကာ စဉ်းစားမိသည် ဒီနေ့ အခန်းရှေ့ မှာ သေချာပေါက်နှင်းဆီပန်းပွင့်ရှိနေအုံးမည်။ပီးရင် ဘယ်သူပေးတာလဲ ထပ်ပီးစဉ်းစားမိအုံးမည်။
"Hk.."
ယောင်းငယ်ရဲ့ အပြုံးကို မြင်ရင်ရူးသွားမလားပဲ။တစ်ချက်လေးပြုံးလိုက်တဲ့အပြုံးဟာ အဆမတန်လှပလွန်းနေသည်။တစ်ချက်ပြုံးပီး အိပ်ယာမှ ထကာ ရေချိုးဖို့ လုပ်တော့သည်။
ရေချိုးပီး ပြန်ထွက်လာတဲ့ ယောင်းငယ်က Towelအကြီးကို ရင်ဘက်ကနေပတ်ထားကာ Towelအသေးနှင့် ခေါင်းသုတ်ကာ ထွက်လာသည်။ရှက်တတ်တာမဟုတ် ငယ်ငယ်ထဲက အကျင့်ပါလာခြင်းသာ။ရေစက်ရေမှုန်ကလေးများ ဆံနွယ်ပေါ်က နေတတောက်တောက်ကျလျက်။နူးနူးညံ့ညံ့လှလှ
ပပမျက်နှာလေးက ချော့မွေ့ဝင်းပလျက်။စိုစိုအိအိနှုတ်ခမ်းပါးလေးက စတော်ဘယ်ရီသီးပမာ ကိုက်စားချင်စရာ။နူးညံအိစက်နေတဲ့နို့နေရောင်အသားအရေက လှပလွန်းသည်။သွယ်လျလှပလွန်းတဲ့ လက်ချောင်းများ။ခြေသလုံးသွယ်သွယ်လေးများ။ဘာတစ်မှပြောစရာမရှိအောင် လှပလွန်းတဲ့သူလေးကို အလှလေးလို့ ခေါ်တာ အလိုက်ဖတ်ဆုံး နာမ်စားလေးပင်။Sport shirt အမဲရောင်လေးအား ဂျင်းဘောင်ပီထဲထည့်ဝတ်ကာ ဉီးထုတ်အမဲလေးဆောင်းလိုက်သည်။ ပီးနောက် လွယ်အိတ်လေးလွယ်ရင်း ကားသော့လေးဆွဲကာ အခန်းပြင်ထွက်လာခဲ့သည်။
YOU ARE READING
𝑇ℎ𝑒 𝑉𝑖𝑙𝑙𝑎𝑖𝑛 𝐴𝑛𝑑 𝐻𝑖𝑠 𝐵𝑒𝑎𝑢𝑡𝑦 𝐺𝑜𝑑
FanfictionZawgi "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့ မာကြောနေတဲ့ နှလုံးသားက မင်းကြောင့် လှုပ်ခတ်လာခဲ့တာ မောင်......" Unicoad "ဘယ်သူ့ကိုမှဂရုစိုက်မစိုက်တတ်တဲ့ကျွန်တော်က ခဗျားဆိုတဲ့ အလှလေးနဲ့တွေ့မှ......." "ငါရဲ့...