One Night Sonata

215 22 2
                                    

wrote this one for 2021 halloween and now publish here~.

Unicode

ဟောလိုးဝင်းနီးလာလေ အိမ်တိုင်း၌ ဖရုံသီးတို့ဖြင့် အလှဆင်ထားခြင်းက ပိုလာလေဖြစ်ပြီး လမ်းရှိကလေးတို့၏ ဝတ်စုံများနှင့် ညဘက်ဆော့ကစားနိုင်ဖို့ စိတ်အားထက်သန်မှုတို့ကို မြင်တွေ့ရ၏။ ကလေးများ ပျော်ရွှင်မှုကိုလည်း သွားအပြစ်တင်၍လည်းမရ။ သူတို့အတွက် ညဘက်ဆော့ကစားနိုင်ခွင့်က ခပ်နည်းနည်းပေကိုး။

မိန်းကလေး၏ ဝါဖျော့ဖျော့ဆံပင်ခွေများသည် နေရောင်အောက်တွင် ရွှေရောင်တောက်နေခဲ့၏။ အအေးဝင်နေပြီဖြစ်သော ရာသီဥတုကြောင့် မိန်းကလေးသည် အနက်ရောင်ဆွယ်တာထူထူကိုဝတ်ဆင်ထားသည်။ ချောမောခြင်းထက် ကြည့်လေဆွဲဆောင်မှုရှိလေဖြစ်သည့် ရုပ်ရည်ကိုပိုင်ဆိုင်ထားသူလေးသည် သူမ၏ နှုတ်ခမ်းထက်တွင် ရဲရဲနီသောဆိုးဆေးကိုတင်ထားပြီး ဖြူသွယ်သော လက်ချောင်း၏ ညီညာလှပသော လက်သည်းခွံများသည် အမြဲတစေဂရုစိုက်အလေးထားခြင်းကို ခံထားရသည်မို့ ပန်းသွေးရောင်ထနေခဲ့သည်။

ဖြူဝင်းသောမျက်နှာကို နှုတ်ခမ်း၏ နီရဲခြင်းက ပိုပံ့ပိုးထားပြီး မိန်းကလေး၏ မျက်လုံးများကတော့ နှုတ်ခမ်းနှင့်ဆန့်ကျင်စွာပြာလဲ့နေ၏။ အနက်ရောင်အထက်အောက်ဝတ်ထားသော ထိုမိန်းကလေးသည် လမ်းရှိပျော်မြူးနေသော ကလေးများကို ကျော်ဖြတ်ကာ စာကြည့်တိုက်ထဲသို့ ဝင်သွားလိုက်သည်။ စာကြည့်တိုက်ထဲသို့ ရောက်သည့်အချိန်တွင် မှန်ပြတင်းအနီးရှိ ခုံတစ်ခုံတွင် နေရာယူလိုက်ပြီးနောက် အဖော်ကို နားထဲကိုအဖြူရောင်နားကြပ်လေးထည့်ပြီး သီချင်းနားထောင်ရင်း စောင့်နေလိုက်၏။ သီချင်းသုံးပုဒ်အပြီးတွင် သူမ၏ နားကြပ်ကိုအသာဆွဲဖြုတ်လိုက်ခြင်းနှင့် တောင်းပန်စကားသံကို တစ်ပြိုင်နက်တည်း ကြားလိုက်ရသည်။

"ဆောရီး ငါနောက်ကျသွားတယ်"

"ငါရောက်တာလည်း သိပ်မကြာသေးပါဘူး"

"ဒါပေမဲ့လည်း ငါနောက်ကျသွားတာ တကယ်ကိုတောင်းပန်ပါတယ်ဟယ်"

"ရပါတယ် ကိစ္စမရှိပါဘူး"

အဖော်မိန်းကလေးနှင့်ဆန့်ကျင်စွာ သူမ၏ အသံသည် အေးစက်စက်ဖြစ်ပြီး နူးညံ့ခြင်းမပါ။ သို့သော် ရှတခြင်းက ဆွဲဆောင်မှုတစ်မျိုးရှိနေစေပြီး သူမအသံကို ထပ်ခါတလဲလဲ နားထောင်စေလိုသည့် ဆန္ဒကို ဖြစ်ပေါ်စေ၏။

Rumble [Short Stories]Where stories live. Discover now